သူရိန်ထက်( နည်းပညာနှင့် အထွေထွေ ဘလော့)
Thursday, February 27, 2014
Block ပြီးသား အကောင့်ကို ပြန်လည် Add Friend လုပ်နည်း..။
မင်္ဂလာပါ...ဒီနေ့တော့ ကျွန်တော် facebook နဲ့ ပတ်သက်တာလေးတစ်ခု ပြောချင်ပါတယ်..အွန်လိုင်းမှာ သူငယ်ချင်းတော်တော်များများလည်း အကူအညီတောင်းထားတာလေးတွေ ရှိနေလို့ အားလုံးလည်း သိအောင် ကျွန်တော် မျှဝေပေးလိုက်ပါတယ်.. သိပြီးသား ဦးဦးဒေါ်ဒေါ် ကိုကို..မမ..ညီ..ညီမတွေကတော့ ကျော်သွားလိုက်ပေါ့နော်.ကဲ..ပြောနေကြာရော့မယ်..စလိုက်ရအောင်
 ဖေ့ဘုတ်မှာကိုယ်နဲ့အဆင်မပြေလို့ပဲဖြစ်ဖြစ်၊
၇ည်းစားနဲ့အဆင်မပြေလို့ပဲဖြစ်ဖြစ် ဘလော့လုပ်ထားတတ်ပါတယ်။နောက်ပြန်ပြီးအဆင်ပြေလို့ ဘလော့လုပ်ထားတာကိုပြန်ဖြုတ်ချင်တယ်ဆို၇င်တော့အောက်ကနည်းလေးအတိုင်းလုပ်လိုက်ပေါ့နော်. ........... ဖေ့ဘုတ်ထဲသို့ဝင်ပြီးဘယ်ဘက်အပေါ်ထောင့်တွင်ရှိသောမျဉ်းသုံးကြောင်းပုံ menu ကိုနှိပ်ပါထို့နောက်အောက်သို့ဆွဲချပြီး privacy setting ကိုရှာပါ တွေ့လျှင်ကလစ်နှိပ်ပါ »အောက်ဆုံးရှိ Blocked people and Apps အောက်တွင်ရှိသော Manage block ကိုနှိပ်ပါ»ထိုအထဲတွင်မိမိ blocks လုပ်ထားသောလူများအားတွေ့၇ပါလိမ့်မည် blocks ဖြုတ်ချင်သောလူဘေးရှိ Unblock အားနှိပ်ပြီးပေးလိုက်ပါ..
ဒါဆို..မိမိ ဘလော့ထားတဲ့သူကို ပြန် add လို့ ရပါပြီ..။ကျေးဇူးတင်ပါတယ်..။အဆင်ပြေကြပါစေ..
ချစ်သူများနေ့အတွက် လက်ဆောင်လေး ပေးလိုက်ပါတယ်..
  ချစ်သူများအားလုံး လာမယ့် 2014 Valentine နေ့လေးမှသည် နောင်နှစ်ပေါင်း များစွာတိုင် ရိုးမြေကျ ပေါင်းဖက်နိုင်ကြစေလို့လည်း ဆန္ဒပြုပါတယ်..
ကဲ..ပြောနေရင် ကြာရော့မယ်..ဒီလက်ဆောင်လေးသာ ယူထားလိုက်တော့ဗျာ..
Valentine Next Launcher Theme - screenshot
ချစ်သူများနေ့အတွက် Launcher အလန်းလေးတစ်ခုထပ်ပြီးတင်ပေးလိုက်ပါတယ်ဗျာ။ Next Launcher ကနေ ထုတ်လိုက်တဲ့ Valentine Next Launcher Theme v1.0 ဖြစ်ပါတယ်။  ချစ်သူများနေ့ အတွက် မိမိရဲ့ ချစ်သူကိုအမှတ်တရလက်ဆောင် ထည့်ပေးလို့ရတာပေါ့။ ပထမဆုံး Next Launcher ကို Install လုပ်ပါ။ ပြီးသွားမှ Valentine Next Launcher Theme v1.0 ကို Install လုပ်ပြီး Theme ရွေးပြီးသုံးလို့ရပါပြီဗျာ။ နမူနာအနေနဲ့ အောက်မှာ Screen Shot တွေ ရိုက်ပြထားပါတယ်။Android OS 2.2 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။
Valentine Next Launcher Theme - screenshot  Valentine Next Launcher Theme - screenshot
Valentine Next Launcher Theme - screenshot  Valentine Next Launcher Theme - screenshot
Valentine Next Launcher Theme - screenshot  Valentine Next Launcher Theme - screenshot
ဒေါင်းမယ်ဆိုရင် ကျလာတဲ့ ၀က်ဘ်ဆိုဒ်က SKIP AD ကို နှိပ်ဖို့  မမေ့ပါနဲ့လို့ ပြောပါရစေ..။
လူတိုင်း သိချင်နေတဲ့ Andriod အကြောင်းလေး ကြုံတုံး ဖောက်သည်ချပါရစေ..။
ဗဟုသုတ အနေနဲ့ တင်ပြလိုက်ပါတယ်။ internet ကို သုံးသူတိုင်း Google ဆိုတာ နဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ Google ရဲ့ Search Engine ဆိုတာ ကျွန်တော်တို့ အားလုံး အတွက် မရှိမဖြစ် တဲ့ အရာတစ်ခု လို့တောင် ပြောလို့ ရပါတယ်။ ၉၉.၉၉% သော Internet သုံးတဲ့ မြန်မာတိုင်း အနည်းဆုံး Gmail Account တစ်ခု တော့ရှိပြီးသားဆိုတာ မငြင်းနိုင်ပါဘူး။
Google Chat, Google Earth, Google Map စတဲ့ အခြား အသုံးဝင်တဲ့ Software တွေဟာလည်း Google ကနေ ထုတ်လုပ်တဲ့ နံမည်ကြီး Software တွေဆိုလည်း မမှားပါဘူး။
အဲဒီလို ကျွန်တော်တို့ အတွက် အသုံးတည့်တဲ့ Software တွေကို ထုတ်လုပ်ပေးတဲ့ Google ဟာ၂၀၀၅ ခုနှစ် သြဂုတ်လ မှာ Android Inc. ဆိုတဲ့ ကုမ္ပဏီ ငယ်လေး တစ်ခုကို ထပ်ဝယ်လိုက်ပါတယ်။
Android Inc. ဆိုတာ Palo Alto, California မှာ Andy Rubin, Rich Miner, Nick Sears နဲ့ Chris White စသူတို့က ၂၀၀၃ ခုနှစ် အောက်တိုဘာလ မှာ စတင်တည်ထောင်ခဲ့ပြီး သူတို့ရဲ့ ပထမ ဦးတည်ချက်က ပိုင်ရှင်ရဲ့ တည်နေရာနဲ့ ပိုင်ရှင်ကြိုက်နှစ်သက်ချက် တွေကို ပိုမိုနားလည်နိုင်စွမ်းရှိမဲ့ Mobile တစ်ခုကို ဖော်ထုတ်ဖို့ဖြစ်ပါတယ်။
Google ကနေ Android Inc. ကို စဝယ်စဉ်ကာလ မှာ Google ရဲ့ ဦးတည်ချက် က ဘာလဲဆို တာ ဘယ်သူမှ သေချာမသိကြပါဘူး။
၂၀၀၇ ခုနှစ် နိုဝင်ဘာလ မှာတော့ Google အပါအဝင် အခြား Hardware, Software နဲ့ ဆက်သွယ်ရေး နည်းပညာ ဆိုင်ရာ နယ်ပယ်မှ ကုမ္ပဏီပေါင်း ၃၄ခု စုပေါင်းဖွဲ့စည်းထားတဲ့ Open Handset Alliance ဆိုတဲ့ အဖွဲ့အစည်း တစ်ခုကို ဖွဲ့စည်းလိုက်ပြီး တစ်ချိန်ထဲမှာဘဲ Open Handset Alliance ကနေ Linux Kernel ၂.၆ မှာအခြေခံ တည်ဆောက်ထားတဲ့ Android Mobile Platform ကို ပထမဆုံး စတင်မိတ်ဆက်ပေးခဲ့ပါတယ်။
Google ကနေ Android Code ကို Open Source (Under Apache License) အဖြစ် ဖြန့်ချီပြီး Google ဦးဆောင်တဲ့ AOSP (The Andriod Open Source Project) အဖွဲ့ကနေ Android ရဲ့ ရေရှည်တည်တံ့ခိုင်မြဲရေး နဲ့ ဆက်လက်ဖွံဖြိုးရေး အတွက် တာဝန်ယူ ဆောင်ရွက်လျှက် ရှိပါတယ်။
Android ရဲ့ Beta Version ကို ၂၀၀၇ ခုနှစ် နိုဝင်ဘာလ Open Handset Alliance စတင်ဖွဲ့စည်းချိန်မှာ စတင်မိတ်ဆက် ပေးခဲ့ပြီး၊ သူ့ရဲ့ပထမဆုံး commercial version ဖြစ်တဲ့
Android 1.0 ကိုတော့ ၂၀၀၈ ခုနှစ် စက်တင်ဘာလမှာ ဖြန့်ချီပေးခဲ့တာပါ။
Android 1.0 စတင်ဖြန့်ချီတဲ့ အချိန်ကစပြီး ၂၀၀၉ ခုနှစ် April လအထိ Android ကနေပြီး update တော်တော်များများ ဖြန့်ချီ ပေးခဲ့ပါသေးတယ်။
၂၀၀၉ ခုနှစ် April ကနေမှ စပြီး Android ဟာသူ့ရဲ့ Development တွေကို codename အဖြစ် အချိုပွဲ (Dessert/Sweet) နံမည်တွေကို အင်္ဂလိပ် အက္ခရာစဉ်အတိုင်း
စတင်အသုံးပြုလာတာ အခုချိန်ထိ ပါပဲ။
လက်ရှိထွက်ရှိပြီးသား Android ရဲ့ အချိုပွဲတွေကတော့ Cupcake, Donut, Eclair, Froyo (FROzen YOugurt), Gingerbread, Honeycomb နဲ့ Ice Cream Sandwich တို့ပဲ
ဖြစ်ပါတယ်။
ပထမပိုင်းမှာ Android ဟာ Astro, Bender စတာတွေကို သုံးဖို့ ရည်ရွယ်ခဲ့ပေမဲ့ Trademark ပြဿနာတွေကြောင့် အသုံးမပြူဖြစ်ခဲ့ပါဘူး။
အခုနောက်ဆုံး ထွက်ရှိထားတဲ့ Version ကတော့ Ice Cream Sandwich v4.0.4 ဖြစ်ပါတယ်။
အသေးစိတ်ကိုတော့ အောက်မှာ ဖော်ပြထားပါတယ်။
Android Beta (2007)
Android Beta – November 05, 2007
Android 1.0 (2008)
Android 1.0 – September 23, 2008
Android 1.1 (2009)
Android 1.1 – February 09, 2009
Cupcake 1.5 (2009)
Cupcake 1.5 – April 30, 2009
Donut 1.6 (2009)
Donut 1.6 – September 15, 2009
Eclair 2.0 – 2.1 (2009 – 2010)
Eclair 2.0 – October 26, 2009
Eclair 2.0.1 – December 03, 2009
Eclair 2.1 – January 12, 2010
Froyo 2.2 – 2.2.3 (2010 – 2011)
Froyo 2.2 – May 20, 2010
Froyo 2.2.1 – January 18, 2011
Froyo 2.2.2 – January 22, 2011
Froyo 2.2.3 – November 21, 2011
Gingerbread 2.3 – 2.3.7 (2010 – 2011)
Gingerbread 2.3 – December 06, 2010
Gingerbread 2.3.3 – February 09, 2011
Gingerbread 2.3.4 – April 28, 2011
Gingerbread 2.3.5 – July 25, 2011
Gingerbread 2.3.6 – September 02, 2011
Gingerbread 2.3.7 – September 21, 2011
Honeycomb 3.0 – 3.2.6 (2011 – 2012)
Honeycomb 3.0 – February 22, 2011
Honeycomb 3.1 – May 10, 2011
Honeycomb 3.2 – July 15, 2011
Honeycomb 3.2.2 – August 30, 2011
Honeycomb 3.2.1 – September 20, 2011
Honeycomb 3.2.4 – December 2011
Honeycomb 3.2.6 – February 2012
Ice Cream Sandwich 4.0.1 – 4.0.4 (2011 – 2012)
Ice Cream Sandwich 4.0.1 – October 19, 2011
Ice Cream Sandwich 4.0.2 – November 28, 2011
Ice Cream Sandwich 4.0.3 – December 16, 2011
Ice Cream Sandwich 4.0.4 – March 29, 2012
Android ရဲ့နောက်ထွက်ရှိလာမဲ့ Version တွေကတော့ Jelly Bean (3rd Quarter of 2012) နဲ့ Key Lime Pie (2013) တို့ပဲဖြစ်ပါတယ်
Monday, February 10, 2014
Android ဆိုတာ ..?
 Andriod ဆိုတာ ဘာလဲ သိချင်တယ်ဆိုတဲ့ သူငယ်ချင်းအတွက်...
လက်ရှိ ၂၀၁၁၊ ၂၀၁၂ ခုနှစ်တွေမှာ Mobile Phone တွေရဲ့ နည်းပညာ နှစ်လို့ပြောလို့ရအောင် နည်းပညာတွေ မြင့်မားလာပါ တယ် .. ဖုန်းအသုံးပြုသူဦးရေဟာလည်း တစ်နှစ်နဲ့ တစ်နှစ် တဖြည်းဖြည်း တိုးတက်များပြားလာတဲ့ အတွက် ဖုန်းထုတ်လုပ်တဲ့ လုပ်ငန်းတွေကလဲ သူတို့ဖုန်းတွေ ရဲ့ လုပ်ဆောင် ချက်တွေကို တိုးမြှင့်ပြီးလုပ်ဆောင်လာကြပါတယ် ... ရိုးရှင်းတဲ့ ပုံမှန် ဖုန်းပြောလို့ရအောင်ထုတ်လုပ်တဲ့ Handset တွေနဲ့ စလိုက်တဲ့ Mobile Phone လောကဟာ အခုတော့ အံ့သြစရာကောင်းလောက်အောင်ကို တိုးတက် လာပါတယ် .. ဖုန်းပြောဖို့အတွက် သီးသန့်မဟုတ်တော့ပဲ ကင်မရာ, MP3, MP4, TV, Internet အစရှိတာတွေကို ကွန်ပျူတာတစ်လုံးလိုပဲ ဖုန်းနဲ့တင် အသုံးပြုလို့ရလာပါပြီ ...
ကွန်ပျူတာတွေမှာ အထက်ပါနည်းပညာတွေ အသုံးပြုလို့ရအောင် စက်မောင်းနှင်လည်ပတ်မှုစနစ် (Operating System) ဆိုတာလိုအပ်ပါတယ် .. ထို့အတူ ဖုန်းတွေမှာလဲ ဖုန်းအတွက် OS ဆိုတာကို လိုအပ် လာပါတယ် ... လက်ရှိ Mobile Phone နည်းပညာလောကမှာ ထိပ်တန်းက ရပ်တည်နေတဲ့ OS နှစ်ခု ရှိပါ တယ် .. Apple ရဲ့ iPhone တွေအတွက် iOS နဲ့ Touch Screen Smart Phone တွေအတွက် Google ရဲ့ Android OS တို့ပဲ ဖြစ်ပါတယ် ...
အခု ကျနော် Android ဆိုတာ ဘာလဲဆိုတာကို သိသလောက်ပြောပြသွားပါမယ် ..
Introduction
Mobile Operating System (OS) တွေဟာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက တဖြည်းဖြည်းနဲ့ တိုးတက်လာ ပါတယ် .. စစချင်းမှာတော့ Black and White Phone တွေအဆင့်ကနေပြီးတော့ လက်ရှိ Smart Phone တွေ အဆင့်ထိကို တိုးတက်လာတာဖြစ်ပါတယ် .. Palm OS ဆိုပြီးစလိုက်တဲ့ ၁၉၉၆ မှ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွေမှာတော့ Blackberry OS, Andriod OS နဲ့ iOS ဆိုတဲ့ အဆင့်တွေ အထိကို ရောက်ရှိလာပါတယ် .. လက်ရှိ အချိန် Mobile Phone တော်တော်များများမှာ အသုံးပြုနေတာကတော့ Android OS ဖြစ်ပါတယ် .. Android ဆိုတာကို Andy Rubin, Rich Miner, Nick Sears နဲ့ Chris White တို့က ၂၀၀၃ ခုနှစ်မှာ စတင် အခြေပြုခဲ့ပါတယ် ..၂၀၀၅ ခုနှစ်မှာတော့ သူတို့ အခြေပြုခဲ့တဲ့ Android Inc. ကို Google က တရားဝင်လွှဲပြောင်းရယူပြီး စတင်ထုတ်လုပ်ခဲ့ပါတယ် ..
Android ဆိုတာ Linux ကို အခြေ ခံထားတဲ့ Open Source OS တစ်မျိုးပဲဖြစ်ပါတယ် .. Open Source ဖြစ်တဲ့ အတွက် အရာအားလုံးသည် Free ဖြစ်ပါတယ် .. ဒါကြောင့်လဲ လက်ရှိဖုန်းတော်တော်များများမှာ Android အသုံးပြုလာတာဖြစ်ပါတယ် .. Blackberry မှာဆိုရင် Blackberry OS, iPhone မှာဆိုရင် iOS, Nokia မှာဆိုရင် Symbian OS အပြင် Micorsoft ရဲ့ Windows Phone OS ဆိုပြီးသူတို့နည်းပညာ သူတို့မူပိုင်ခွင့်နဲ့ ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် အခြားသော ဖုန်းအမျိုးအစားတွေမှာ အသုံးမပြုနိုင်ပါဘူး ....
Google ကစတင်ပြီးတော့ Android Version 1.1 ကို 2009 Feb မှာစတင်မိတ်ဆက်ခဲ့ပါတယ် .. အဲဒီက စပြီးတော့ အခုအချိန်ထိမှာတော့နောက်ဆုံး May 2011 မှာ Android 3.1 HondyComb ကိုထုတ်လုပ်နိုင်ခဲ့ပါပြီ .. အောက်က စာရင်းအရ ထုတ်လုပ်ခဲ့တဲ့ Android Version တွေနဲ့ သူတို့ရဲ့လုပ်ဆောင်ချက်တွေကို ဖော်ပြထားပါတယ် ... လက်ရှိကြားသိရတာတွေကတော့ Android 5.0 Jelly Bean ကို ၂၀၁၂ နှစ်လည် လောက်မှာ ထုတ်လုပ်နိုင်တော့မှာဖြစ်တယ်လို့သိရပါတယ် ....
Android Versions and Updates
Print Friendly and PDF
Gmail,Yahoo Mail,Hotmail အားလုံးကို တစ်နေရာထဲကနေ အသုံးပြုနိုင်မယ့် SolMail
ဒီနေ့ ခေတ်မှာ Email Providers တွေ အများအပြားရှိပြီး သင့်မှာလည်း Gmail အပြင်တစ်ခြား Email 
Account တွေ ရှိမှာသေချာပါတယ်။အဲဒီ Email Account တွေမှာသက်ဆိုင်ရာ App တွေ ရှိပေမယ့် 
တစ်ခုချင်းစီကိုဖွင့်ပြီးအသုံးပြုရပါတယ်။ SolMail ကိုအသုံးပြုရင် Gmail,Yahoo,Hotmail,AOL
 အပြင်တစ်ခြား Email Services တွေ အားလုံးကို SolMail App
 တစ်ခုထဲကနေအသုံးပြုလို့ ရတဲ့အတွက်အဆင်ပြေစေပါတယ်။
clip_image002
အကောင့်တွေ အားလုံးက အီးမေးတွေကို ကြည့်တဲ့ အခါမှာ SolMail  က 
Color တွေနဲ့ ခွဲခြားပြနိုင်တဲ့အတွက် ဘယ်အီးမေးက ဘယ် Service Provider ကလဲဆိုတာ
 ခွဲခြားသိနိုင်ပါတယ်။ Email Service တစ်ခုချင်းစီကိုလည်း ခွဲခြားကြည့်နိုင်ပါတယ်။အကောင့်တွေ Add 
ဖို့ အတွက် + button ကိုနှိပ်ပါ။
clip_image003
အီးမေးတွေကို ရှာဖို့  Keywords တွေကိုသုံးနိုင်ပါတယ်။SolMail က Gmail ရဲ့ Swiping Gestures
 ကိုလည်း Support ပေးပါတယ်။အီးမေးတစ်ခုကို အလျားလိုက် ဘယ် ၊ ညာ ဆွဲပြီး Delete or Archive
 လုပ်နိုင်ပါတယ်။ Archive လုပ်တာကတော့ Inbox ကနေ ဖယ်ရှားလိုက်တာဖြစ်ပြီး Archive ဖိုဒါမှာ 
သိမ်းပေးထားတဲ့သဘောပါ။ Inbox မှာ အောက်ဘက်ကို ဆွဲချလိုက်ရင် Refresh လုပ်ပေးမှာဖြစ်ပြီး 
အီးမေးအသစ်တွေကို ရရှိနိုင်ပါတယ်။အီးမေးတစ်ခုကိုဖတ်နေတဲ့အချိန်မှာ ဘယ်၊ ညာ ပွတ်ဆွဲ ပြီး Next 
,  Previous အီးမေးတွေကို အလွယ်တကူဖတ်နိုင်ပါတယ်။
clip_image004
Settings ထဲမှာတော့ SolMail က Default အနေနဲ့ ပြပေးမယ့် Email Account ကိုသတ်မှတ်နိုင်ပါတယ်။
 အီးမေးတွေ ပေးပို့ တဲ့အခါမှာလည်း အသုံးပြုမယ့် Default Email Account ကိုသတ်မှတ်နိုင်ပါတယ်။
 Tweak လုပ်နိုင်ပါတယ်။ Attachments တွေကို ဒေါင်းလုပ်လုပ်ဖို့  နေရာကိုလည်းသတ်မှတ်နိုင်ပါတယ်။
SolMail မှာ တစ်ခြား Email App တွေ Support မပေးတဲ့ Stickers တွေကိုလည်းသုံးနိုင်ပါတယ်
clip_image005
တစ်ခါတစ်လေမှာ ကိုယ့် ကိုယ်ကို အီးမေး ပြန်ပို့ ရတဲ့ အခြေအနေတွေ ရှိပါတယ်။ ဖုန်း ဘရောက်စာကနေ
  လွယ်ကူအောင်ပြုလုပ်ပေးထားပါတယ်။ Email Composition View က ပေးပို့ မယ့်  အီးမေးလိပ်စာ မှာ
 To Me ဆိုတာကို အသုံးပြုနိုင်ပါတယ်။
ဖိုင်တွေကို Attachments တွေ အနေနဲ့ ပေးပို့ ချင်ရင်လည်း
 လွယ်ကူအဆင်ပြေအောင်ပြုလုပ်ပေးထားပါတယ်။ ဒါ့အပြင် Video,Voice Recording တွေကို Attach
 လုပ်ပြီးပေးပို့ နိုင်ပါသေးတယ်။
SolMail က Email အကောင့်တစ်ခုထက်ပို ရှိတဲ့သူတွေ၊ Email Services တွေတစ်ခုထက်ပို 
အသုံးပြုတဲ့သူတွေ အတွက် တော်တော် အဆင်ပြေစေတဲ့ Email Client တစ်ခုပါ။စာဖတ်သူမှာလည်း
 အီးမေးအကောင့်တွေ တစ်ခုထက်ပို ရှိရင် SolMail ကို စမ်းသပ်သုံးကြည့်သင့်ပါတယ်
ဒီဆိုဒ်လေးကို ၀င်ရောက်ပြီး INSTALL ပြုလုပ်နိုင်ပါတယ်. 
ndroid ဖုန်းတွေအတွက် antivirus apk
သင့်ဖုန်းကို သင်ကိုယ်တိုင် တန်ဖိုးထားတယ်ဆိုရင်...
နေ့ စဉ်နှင့် အမျှ အင်တာနက်မှာ အန္တာရယ် ရှိတဲ့ Website တွေကိုဝင်ရောက်နေတာကိုသင်သတိထားမိပါသလား.....? မိမိတို့ ရဲ့ ဖုန်းစွမ်းဆောင်ရည်တွေကို ပျက်ဆီးဝါးမြို တတ်တဲ့ ဆိုဒ်တွေကိုရောသင်ဘယ်နှစ်ခါဝင်ရောက်ပြီးပြီလဲ ။ ဒါဟာတကယ့် ကိုအလေးထားဆောင်ရွက်သင့် တဲ့ ကိစ္စတစ်ခုပါ။ဒီနေရာမှာကျွန်တော်မိတ်ဆက်ပေးချင်တာက
android ဖုန်းတွေအတွက် Security & Antivirus Premier ဆိုတဲ့ app လေးပါပဲ။ ဒီကောင်လေးက (၃ .၁၀. ၂၀၁၃ ) ရက်နေ့ မှထွက်တဲ့  antivirus app လေးပါ။(play store မှာသူ့ ရဲ့ တန်ကြေးက 10 $ အထက်မှာရှိပါတယ်။သူက အလိုအလျှောက် virus တွေကို စစ်ဆေးပေးပြီး။ အန္တာရယ်ရှိတဲ့  app တွေကို install မလုပ်ခင်မှာလည်းသတိပေးခြင်း။အန္တာရယ်ရှိတဲ့ virus လင့် တွေ websites တွေကိုဝင်ရောက်မယ်ဆိုရင်ကြိုတင်သတိပေးတဲ့ အတွက်ကြောင့် အသုံးပြုသင့် ပါတယ်။မည်သည့် ဖုန်းအမျိုး
အစားနှင့် မဆိုကိုက်ညီမှူ ရှိပြီး ဖိုင်ဆိုဒ်က (2-MB ) ပဲရှိတာကြောင့် ဂိမ်းတစ်ခုလောက်ကိုနေရာပေးစရာမလိုပါဘူး ။စမ်းသုံးကြည့် ချင်တယ်ဆိုရင်အောက်မှာယူပေးပါ။
Security Antivirus Premier 3.5.0.6037 APK Premium Android AppsSecurity Antivirus Premier 3.5.0.6037 APK Premium Android Apps
ဖုန်းပျောက်ရင် လေချွန်ပြီး ပြန်ရှာနိုင်တဲ့ Whistle Android Finder PRO version 4.7 Apk
ကိုယ်ကိုင်တွယ်အသုံးပြုနေတဲ့ဖုန်းတွေနေရာအထားမှားတာပဲဖြစ်ဖြစ်
၊ သူများက မသိအောင် ၀ှက်ထားတာပဲဖြစ်ဖြစ် ကိုယ်ကလေချွန်လိုက်တာနဲ့ ဖုန်းကနေ
ပြန်ပြီး အသံပြုပေးတဲ့ application လေးပါ။
အသုံးပြုပုံလေးကလည်းလွယ်ကူပါတယ်။ အရင်ဆုံး application လေးကို install လုပ်ပြီး open လုပ်လိုက်ပါ။ ပြီးရင် application လေးရဲ့ setting ကိုရောက်သွား
ပါလိမ့်မယ်။ ပြီးရင် Enable Whistle Android Finder ဆိုတဲ့နေရာမှာ အမှန်ခြစ်ခြစ်ပေးလိုက်ပါ။ ပြီးရင်အောက်နားမှာ Select Notification Sound ဆိုတဲ့အထဲမှာ ကိုယ်
ကြိုက်တဲ့ sound တွေကို ရွေးချယ်နိုင်တဲ့အပြင် ကိုယ့်ဖုန်းထဲမှာရှိတဲ့ music file ထဲက သီချင်းတွေကို လည်းရွေးချယ်ပြီး notification sound လုပ်နိုင်ပါသေးတယ်။
လိုချင်ရင် အောက်မှာ ဒေါင်းလုပ်လုပ်ယူနိုင်ပါတယ်..
အသစ်ထွက် GO SMS Pro version 5.25 Apk( ရုပ်ပြောင်လေးတွေကိုလည်း ရွေးချယ်စရာများတာကြောင့် Go SMS ကိုအသုံးပြုကြတဲ့ မိတ်ဆွေတွေကတော့ ပိုပြီးရွေးချယ်စရာများလာလိမ့်မယ်လို့ကျွန်တော် ယူဆမိပါတယ်)
Go Product တွေကိုမှ စိတ်ဝင်စားပါတယ်ဆိုတဲ့ ကျွန်တော့် သူငယ်ချင်းများအတွက် Go SMS Pro Version 5.25 နောက်ဆုံးထွက်လေး လာပါပြီ..Go SMS ရဲ့ အားသာချက်တွေကတော့ ကိုယ်လက်မခံချင်တဲ့ massage တွေကို block လုပ်ချင်ရင် လွယ်ကူစွား block လုပ်နိုင်ခြင်း၊ ကိုယ်ပို့ချင်တဲ့ massage အကြောင်းအရာတွေကို Auto - reply လုပ်ပေးနိုင်ခြင်း၊ ကိုယ့်ကိုယ်ပိုင် privacy ကိုလည်း လုံခြုံစွား ထိန်းသိမ်းပေးနိုင်ခြင်းတွေကတော့ Go SMS Pro လေးရဲ့အားသာချက်လေးတွေပါပဲ..
နောက်တစ်ခုက  ရုပ်ပြောင်လေးတွေကိုလည်း ရွေးချယ်စရာများတာကြောင့် Go SMS ကိုအသုံးပြုကြတဲ့ မိတ်ဆွေတွေကတော့ ပိုပြီးရွေးချယ်စရာများလာလိမ့်မယ်လို့ကျွန်တော် ယူဆမိပါတယ် ဒီ application လေးကို အသုံးပြုချင်တယ်ဆိုရင်တော့ Android version  1.6 နဲ့ အထက်မှာ အသုံးပြုပါလို့ ပြောချင်ပါတယ်..
အောက်ကလင့်ခ်မှာ ဒေါင်းလုပ်ယူနိုင်ပါတယ်..ဗျ..ဒီလခ်မှာ ဒေါင်းလုပ်ယူပါ..
Facebook ကphoto တွေကိုဒေါင်းလုပ်ယူမယ်
အခုတစ်လော အပြောများနေတဲ့ အခက်အခဲလေးနဲ့ ပတ်သက်ပြီး ကျွန်တော် တတ်နိုင်သမျှဖြေရှင်းပေးလိုက်ပါတယ်.. ကျွန်တော့်သူငယ်ချင်းများ Andriod phone တွေနဲ့ Facebook သုံးကြတဲ့ အခါ တစ်ခါတစ်လေ ကိုယ်စိတ်ဝင်စားစရာပုံလေးတွေ ကိုယ့်ဖုန်းထဲမှာ သိမ်းထားချင်ကြမှာပါပဲ..အချိုတွေဆိုရင်
Save လုပ်လို့ မရပါဘူး..။ ဒီအခက်အခဲလေးနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို အကူအညီတောင်းတာလေးတွေ လည်း ရှိပါတယ်.. ဒါလေးကို ကျွန်တော် အခု တတ်နိုင်သလောက်လေး ဖြေရှင်းပေးလိုက်ပါတယ်..
လိုအပ်တဲ့သူများ..အကူအညီတောင်းထားတဲ့ သူငယ်ချင်းများလည်း အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်..
Cover art
ဒီကောင်လေးက မည်သည့် android ဖုန်းအမျိုးအစားအားလုံးနှင့် ကိုက်ညီမှူရှိတဲ့ အတွက်
အဆင်ပြေမယ်လို့ မျှော်လင့် ပါတယ်။ အသုံးပြုပုံကလည်းလွယ်ပါတယ်
မိမိဒေါင်းလုပ်လိုချင်တဲ့ ပုံကိုနိပ်ပြီး ဒေါင်းလုပ်ယူလိုက်
ရုံပါပဲခင်ဗျာ။
အောက်မှာ ကျွန်တော် INSTALL ဆိုတာလေး ပေးထားပါတယ်.. အဲဒါလေးကို မိမိ ဖုန်းမှာ နှိပ်ပေးလိုက်ရုံနဲ့ Facebook မှာ မိမိ Save ချင်တဲ့ အပိုင်းလေးတွေကို Save လုပ်လို့ ရပါပြီ..။
ကျေးဇူတင်ပါတယ်.....
Download photos from Facebook - screenshot thumbnail Download photos from Facebook - screenshot thumbnailDownload photos from Facebook - screenshot thumbnailDownload photos from Facebook - screenshot thumbnail
INSTALL
Xara Photo & Graphic Designer 9.1.1.28178လာပါပြီ
Facebook ပေါ်မှ တောင်းဆိုထားတဲ့ သူငယ်ချင်းများအတွက်.တင်ပေးလိုက်ပါပြီ
အားလုံးကြိုက်ကြမယ်လို့လည်း မျှော်လင့်ပါတယ်.. 
Xara Photo & Graphic Designer 9.1.1.28178 တင်ပေးလိုက်ပါတယ်.. ဓါတ်ပုံတွေနဲ့ Graphic တွေကို အံ့သြလောက်အောင် ဒီဇိုင်းဖန်တီးနိုင်တယ်လို့ရေးထားပါတယ်.. Tools တွေကလည်း စုံလင်ပြီး Professional တစ်ယောက်လို ဖန်တီးနိုင်မှာပါ
ဒီနေရာမှာ ဒေါင်းလိုက်ပါ.
Sunday, February 2, 2014
ထိုင်းနိုင်ငံရဲ့ အခမဲ့ Wi Fi စနစ်အကြောင်း တစ်စေ့တစ်စောင်း
( မြန်မာပြည်မှာတော့ ဖုန်းနဲ့ အင်တာနက်သုံးနိုင်ဖို့ ပိုက်ဆံ  ရွှေဂုံတိုင် ဆက်သွယ်ေ၇းမှာ တန်းစီပြီး ပိုက်ဆံ တစ်သောင်း ပေးရသည့် အပြင် ချက်ချင်းလဲ သုံးမရပါဘူး။ ဖုန်းကို သတ်မှတ်ထားတဲ့ မြို့နယ်ကျော် ယူသွားပြီး ပြောရင် တစ်မိနစ် ကို ပုံမှန် (၅၀ ) ကျပ်ကနေ (၆၀) ကျပ်ထိဖြတ်နေတာပါ)
from -ဧရာဝတီသတင်းဌာန
ဓာတ်ပုံ- ယင်လတ်ရှင်နာဝတ်၏ ဖေ့စ်ဘုတ်စာမျက်နှာ
ဘန်ကောက်မြို့မှာတော့ ICT Expo 2012 ပြပွဲကို ထိုင်းဝန်ကြီးချုပ် ဒေါ်ယင်လတ်က အခမ်းအနားနဲ့ ဖွင့် လှစ်ပေးခဲ့ပြီး အဲဒီအထဲမှာ ဘန်ကောက်မြို့အနီးဝန်းကျင် Muang Thong Thani. အတွက် အခမဲ့ Wi Fi စနစ်ကို တိုးချဲ့မှု ပါဝင်ကြောင်း သိရပါတယ်။
အရင်ကတော့ အခမဲ့ Wi Fi စနစ် ကို ဇုံသတ်မှတ်ပြီး သုဝဏ္ဏဘုမ္မိ အပြည်ပြည်ဆိုင်ရာ လေဆိပ်အပါအ၀င် အဓိက နေရာ ၅ ခုမှာပဲ ရှိခဲ့တာပါ။
ထိုင်းအစိုးရက ယမန်နှစ်ကတည်းက အခမဲ့ Wi Fi စနစ် ကို access points ပေါင်း ၂၀၀, ၀၀၀ ကျော်ကို နိုင်ငံ တ၀ှမ်းလုံး ရာထားခဲ့ရာ အခုတော့ ၇၆၀၀၀ ၀န်းကျင် လောက်ကို တပ်ဆင်နေပြီလည်းဖြစ်တယ်လို့ ဆိုပါတာကို ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှာ သြဂုတ်လ ၄ ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။
နိုင်ငံတနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှု အရှိန်ရစေဖို့က ဆက်သွယ်ရေးဟာ အဓိက ကျတဲ့ အခန်းကဏ္ဍက ပါဝင်နေ တာကို သိရှိတဲ့ ထိုင်းနိုင်ငံကတော့ အခုလို ဘန်ကောက်ကို အခမဲ့ Wi Fi စနစ် စီစဉ်နေတာဟာ ကြီးမားတဲ့ ဆွဲဆောင်မှုလည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ အခုလို အင်တာနက် ဆက်သွယ်ရေး သာမက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ စိတ်ချလုံခြုံစွာ ၀င် ရောက် လာနိုင်ရေးအတွက် နည်းမျိုးစုံနဲ့ လုပ်ဆောင်ပေးနေတာပါ။ တယ်လီဖုန်းနဲ့ အင်တာနက်အစ၊ ဘဏ်စနစ်အလယ်၊ ၀န်ဆောင်မှု အဆုံး နိုင်ငံတကာကို ဆွဲဆောင်တဲ့နေရာမှာ မြန်မာနိုင်ငံထက် အဖက်ဖက်က သာလွန်နေတာကတော့ အမှန်ပါပဲ။
မြန်မာနိုင်ငံ ရန်ကုန်မြို့နဲ့ မြို့နယ်တွေကတော့ လျှပ်စစ်မီးက ပုံမှန်မလာ၊ အင်တာနက်ဆိုတာ တကယ့် အခက်အခဲကြီးတခု၊ ၀န်ဆောင်မှု ဆိုင်ရာတွေကလည်း အားနည်းချက်တွေတပုံတပင်နဲ့ အာရှ ဖွံ့ဖြိုးရေး ဘဏ်က ထောက်ပြသလို မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံရဲ့ လက်ရှိ အဆင့်အခြေအနေကို မှီဖို့ နောက်ထပ် နှစ် ၃၀ လောက် ကြိုးစားရမယ်ဆိုတာ ဖြစ်နိုင်ပါတယ်။
မကြာသေးမီက ရွှေတိဂုံစေတီပေါ်မှာ Wi Fi ရပြီဆိုတဲ့ သတင်းကတော့ အခုသတင်းနဲ့ ယှဉ်လိုက်ရင် မျက်နှာငယ်စရာဖြစ်မှာပါ။
မိန်းကလေးတွေ အလိုချင်ဆုံးအရာ..
တခါတုန်းက နိုင်ငံငယ်လေးတစ်ခုမှာ ငယ်ရွယ်ပြီး ထက်မြက်တဲ့ ဘုရင်တပါး နန်းတက်ခဲ့တယ်……ထိုတိုင်း ပြည်ရဲ့ အနီးအနားမှာ အလွန်းအင်အားကြီးပြီး စစ်လိုလားတဲ့ ဘုရင်ကြီး တစ်ပါးရှိတယ်…..ထို ဘုရင်ကြီး ဟာ တိုင်းပြည်ငယ်လေး ကိုသိမ်းပိုက်ချင်ပေမဲ့ ဘုရင်ငယ်လေးရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့အတွေးအ ခေါ်တွေကို သဘောကျလို့ အခွင့်အရေးတစ်ခုပေးလိုက်ပါတယ်…..အဲ့ဒီအခွင့် အရေးကတော့ အလွန်ခက်ခဲ တဲ့ မေးခွန်းတစ်ခုပါ….
ဘုရင်ငယ်လေးအတွက် အချိန်တစ်နှစ်ပေးထားပြီး မဖြေနိုင်ပါက အသတ်ခံရမယ်လို့ ပြောလိုက်ပါတယ်….
“လောကကြီးမှာရှိတဲ့ အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ “
အဲဒီမေးခွန်းကတော့
ဘုရင်းလေးနဲ့ ပညာရှိအမတ်တွေကို ခက်ခဲရှုတ်ထွေးစေ တော့တာပါဘဲ…..တချိုက မဖြစ်နိုင်တဲ့ မေးခွန်းလို့ ထင်ကြတယ်……ဒါပေမယ့် အချိန်းတစ်နှစ်ရဖို့အတွက် အဖြေရှာဖို့ လက်ခံလိုက်ရတာပေါ့…..
ဒါနဲ့ သူ့တိုင်းပြည်မှာရှိတဲ့ မင်းညီမင်းသားတွေ၊ ဘုန်းတော်ကြီးတွေ၊ ပညာရှိတွေ၊ တရားသူကြီးတွေ၊ ပြည်သူ ပြည်သားတွေနဲ့ ပြည့်တန်ဆာအမျိုးသမီးတွေပါမကျန် ဆင့်ခေါ်ပြီး အဖြေရဖို့ ကြိုးစားပါတော့တယ်….ဒါပေမဲ့ ပြည့်စုံ ကျေနပ်ဖွယ်ရာ အဖြေတော့ မရခဲ့ပါဘူး….
နောက်ဆုံးမှာတော့ လူအများစုက တိုင်းပြည်မှာရှိတဲ့ စုန်းမအိုကြီး တစ်ယောက် သာလျှင် ဒီအဖြေကို ဖြေနိုင်လိမ့်မယ်လို့ လျှေက်တင်ကြတယ်…..စုန်းမကြီးဟာ အလွန်တန်ဖိုးကြီးတဲ့ အဖိုးအခကိုတောင်းဆို လိုက်ပါတယ်…
အဖြေပေးရမဲ့ နောက်ဆုံးရက်ဟာ တဖြေးဖြေးနီးလာပါပြီ….စုန်းမကြီးဟာလဲ သူ့တောင်းဆိုချက်ကို အရင် လိုက်လျှောမှ အဖြေပေးနိုင်မယ်လို့ ဆိုပါတယ်… တောင်းဆိုချက်ကတော့ ဘုရင်လေးရဲ့ ယုံကြည် အား အကိုရဆုံးသူငယ်ချင်း လဲဖြစ်၊ နိုင်ငံရဲ့ သူရဲကောင်းစစ်ဦးစီးလဲဖြစ်တဲ့ အမတ်ကြီးကို လက်ထပ်ပေး ဖို့ပါဘဲ….
ဘုရင်လေးလဲ အလွန်တုန်လှုပ်ချောက်ချားနေတာပေါ့…..စုန်းမကြီးပုံစံက ခါးကုန်းကုန်း၊ ကျောကုန်းဘုနှင့် အမြင်ဆိုရွားလှတယ်….သွားကလဲ ရှေသွား တစ်ချောင်းထဲရှိတယ်…အနံ့အသက်ကလဲ ဆိုးရွားလှတယ်…စကားအပြောအဆို ကလဲ ကြမ်းတမ်း ညစ်ညမ်းလှတယ်….ထိုဆိုးရွားလှတဲ့ စုန်းမကြီးနဲ့ နုးညံ့သိမ်မွေ့ စိတ် သဘောကောင်းတဲ့ သူရဲ့ သူငယ်ချင်းနဲ့ ယူဖို့တိုက်တွန်းဖို့ရာမှာ သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတာပေါ့…
ဒါပေမယ့် အမတ်ကြီးကတော့ တိုင်းပြည်နဲ့ လူမျိုးအရေးနဲ့ ယှဉ်ရင် ဒီကိစ္စဟာ သူ့အတွက် အရေးမကြီး ကြောင်း ပြောဆိုပြီး အဆိုကို လက်ခံပါ့မယ်လို့ ဘုရင် လေးကို လျှေက်တင်လိုက်ပါတယ်…
ဒီလိုနဲ့ မင်္ဂလာပွဲ အစီအစဉ်ကို ကြေငြာလိုက်ပြီး ဘုရင်လေးအတွက်အဖြေကို စုန်းမကြီးက ပေးလိုက် ပါတော့တယ်..
“လောကကြီးမှာရှိတဲ့ အမျိုးအမီးတိုင် အမှန်တကယ် အလိုချင်ဆုံးအရာက ………………….
သူတို့ရဲ့ ဘဝကိုသူတို့ စိတ်တိုင်းကျ စီမံခန့်ခွဲချင်တာပါဘဲ“
ထိုအခါမှ ပြည်သူတွေလဲ အဖြေကိုသိပြီး ဘုရင်ကြီးကလည်းစစ်မပြုတော့ဘဲ ဘုရင်လေးတို့တိုင်းပြည်နဲ့ မဟာမိတ်ပြုလိုက်ပါတော့တယ်…
အမတ်ကြီးနဲ့ စုန်းမကြီးတို့ရဲ့ မင်္ဂလာပွဲ ဘယ်လိုဖြစ်သွားလဲ????
ဘုရင်လေးလဲ ပျော်ရွှင်ခြင်းနဲ့ ဝမ်းနဲခြင်းတွေကို တပြိုင်နက်ခံစားနေရပြီပေါ့…. သိမ်မွေ့ယဉ်ကျေးတဲ့ သူငယ် ချင်းနဲ့ အလွန်မသတီစရာစုန်းမတို့ရဲ့ လက်တွဲရမယ့် ဘဝအရေးကို စဉ်းစားမိလို့ပေါ့….အမတ်ကြီးလဲ ဆိုးရွား လှတဲ့ ဘဝကိုရင်ဆိုင်ဖို့ မင်္ဂလာအိပ်ခန်းတွင်းကို ဝင်သွားရပြီ…
ဒါပေမယ့် အိပ်ခန်းတွင်းမှာတော့ အလွန်လှပတဲ့ အမျိုးအမီးလေးတစ်ယောက် ထိုင်နေတာကို တွေ့လိုက်ရ လို့ အရမ်းအံ့သြသွားတာပေါ့…“ဘာတွေဖြစ်ကုန်ပြီ လဲ မိန်းကလေးရေ“ လို့ လှမ်းမေးလိုက်တယ်….
“သင်ဟာကျွန်မနဲ့ ပထမဦးဆုံးတွေ့တဲ့အချိန်မှာ အလွန်မသတီစရာကောင်းတဲ့ ရုပ်နဲ့တွေ့ပေမဲ့ ကြင်နာစွာ ဆက်ဆံခဲ့တယ်…ဒီအတွက်ကြောင့် စိတ်ထားကောင်း တဲ့သင့်ကို အခွင့်အရေးတစ်ခု ပေးချင်ပါတယ်….ဒါကတော့ နေ့ဘက် ဒါမှမဟုတ် ညဘက် ရှင်ကြိုက်တဲ့ အချိန်ပိုင်းမှာ အခုလိုလှပမွေးပျံ့တဲ့ပုံစံနဲ့ တွေ့မြင် နိုင် အောင် ဖန်ဆင်းထားမယ်လို့ ဆုံးဖြတ်ထားပါတယ်…“လို့ပြန်ပြောလိုက်ပါတယ်
ဘယ်လောက်များ ရက်စက် နာကျင်စေတဲ့ မေးခွန်းပါလိမ့်…အမတ်ကြီးလဲသေ ချာစဉ်းစားပြီး အဖြေပေးရ တော့မယ်….နေ့ပိုင်းမှာ ချောမောလှပတဲ့ မိန်းကလေး ကို မိတ်ဆွေတွေအလည်မှာ ပြသပြီး ညအချိန်မှာ စုန်းမကြီးနဲ့အတူတူအိပ်မလား. ဒါမှမဟုတ် နေ့ပိုင်းမှာ စုန်းမကြီးကိုပြသပြီး ကိုယ်ပိုင်အချိန်ဖြစ်တဲ့ ညအချိန် မှာ ပျော်ရွှင်ဖွယ်ရာအချိန်တွေကို ပိုင်ဆိုင်မှာလား..???
အမတ်ကြီးဘာရွေးလိုက်တယ်ဆိုတာကို ဆက်မဖတ်သေးဘဲ
သင်ကိုယ်တိုင်ဆိုရင်ကော ဘာကိုရွေးချယ်မှာလဲ………?????
အမတ်ကြီးရွေးချယ်လိုက်တာကတော့ “ မင်းသဘောအတိုင်းပါဘဲကွာ “
အဲဒီစကားကိုကြားလိုက်တဲ့အခါ အမျိုးသမီးလေးက အောက်ပါအတိုင်းကြေငြာ လိုက်ပါတော့တယ်…..
“အချိန်တိုင်း လှပတဲ့ပုံစံနဲ့ ရှင့်ကိုမြင်တွေ့စေချင်ပါတယ် “
ဘာကြောင့်လဲဆိုတော့ သူမဘဝကို သူမစိတ်ကြိုက်စီမံခွင့်ရရှိခဲ့လို့ပါ…
ပုံပြင်လေးရဲ့ အဓိက ဆိုလိုရင်းက ဘာလဲ….?????
သင့်ရဲ့ မိန်းကလေးဟာ သူတို့စိတ်တိုင်းကျ သူတို့ဘဝကို စီမံခွင့်မရခဲ့ရင်………
………….သင့်အခြေအနေဟာလဲ နေ့ ဒါမှမဟုတ် ည ပိုင်းတွေမှာ ………………………………..မလှပနိုင်တော့ဘူးပေါ့နော်…
Andriod ဖုန်းပေါ်ကနေ ဘောလုံးပွဲတွေကို တိုက်ရိုက်(Live) ကြည့်လို့ရပါပြီ
Free Soccer Streaming (738 KB)
ကွန်နက်ရှင် လေး နဲနဲ လေးကောင်းတာနဲ့ ဘောလုံးပွဲကြည့်နိုင်ပါပြီဗျာ။ အခုဆို Sky Net ကလည်း ဈေးတွေကြီး..အွန်လိုင်းကကြည့်ဖို့ကြတော့လည်း ကွန်နက်ရှင်တွေ ကသိပ်မကောင်းနဲ့ အဆင်မပြေတာများပါတယ်ဗျ။ အခု Application လေးကတော့ ကွန်နက်ရှင်လည်း သိပ်ကောင်းစ၇ာမလိုပါဘူးဗျ။နောက်ပြီး ဖုန်းကနေ တိုက်ရိုက် တန်းကြည့်နိုင်မှာဖြစ်တဲ့အတွက် အလွန်လန်းတဲ့ Application လေးပါ
လိုအပ်ရင် ဒီမှာ ဒေါင်းလုပ်ဆွဲလိုက်ပါ..။
Saturday, February 1, 2014
ကဲ ဖုန်းသူခိုးတွေကို ဒီနည်းနဲ့ ကိုယ်ရှေ့အရောက် ခေါ်လာနိုင်ပြီ..ပြီးရင်တော့ လုပ်ချင်တာသာလုပ်လိုက်ပေါ့နော်..... ပြသနာဖြစ်ရင်တော့ အနော်ပါဘူးဗျ...
ဖုန်းသူခိုးရဲ့ မျက်နှာ ကို Photo ရိုက်ထားမယ် 
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX8y-GTvAVtlJPIUBxcXIQR7AkoCdXdtl1Ocdt21IV5l7tck59jTDjERAE34N5t8yMc7lVj2qceTrHRD9oAGvueZYtnX69tkQAQcpJWF1-7NhqdPY2fV8e2ieoo7p8_QyEn-kDtSCTPnU/s1600/android-app1.jpg
လုံခြုံရေး software ဖန်တီးသူများက ဖုန်းသူခိုးများကို ဖမ်းပေးနိုင်မည့် နည်းလမ်း တစ်ခုအား ၄င်းတို့၏ Lookout Android app တွင် ထည့်သွင်း ပေးလိုက်သည်။
၎င်းလုပ်ဆောင်ချက် အသစ်သည် သူစိမ်းတစ်ဦးက သင့်ဖုန်းအား unlock လုပ်ရန် ကြိုးစားမှု သုံးကြိမ် မအောင်မြင်လျှင် ဖုန်း၏ မျက်နှာပြင်ရိုက် ကင်မရာမှ အဆိုပါ သူစိမ်း၏ ပုံကို အလိုအလျှောက် ရိုက်ယူထားမည် ဖြစ်သည်။ ထို့နောက် သင့်ထံသို့ ထိုသူ၏ ပုံနှင့်တကွ သတိပေးထားသော အီးမေးတစ်စောင် ပို့ပေးမည် ဖြစ်သည်။
ထိုအခါ အသုံးပြုသူသည် Lookout.com အင်တာနက် စာမျက်နှာ၏ မိမိ အကောင့်သို့ log in ၀င်ရောက်ကာ ဖုန်းတည်နေရာနှင့် တည်နေရာ history ကို ကြည့်ရှုနိုင်သည်။ အကယ်၍ တစ်လလျှင် (၃) ဒေါ်လာခန့်နှင့် တစ်နှစ် ဒေါ်လာ (၃၀) ခန့် ကုန်ကျသော Lookout ၏ Premium service ကို ၀ယ်ယူ ထားသူများသည် အဝေးမှ မိမိဖုန်းရှိ အချက်အလက်များကို ဖျက်ပစ်ခြင်း remote wipe နှင့် အဝေးမှ လော့ခ်ချခြင်း remote lock စသည့် အပိုဆောင်း ၀န်ဆောင်မှုများကို ရနိုင်သည်။ နောက်ထပ် ဖြည့်စွက်လိုက်သော ၀န်ဆောင်မှု တစ်ခုတွင် အသုံးပြုသည် ခေါ်ဆိုရန် ဖုန်းနံပါတ် သို့မဟုတ် လိပ်စာ စသည့် မိမိ၏ custom massage ကို ဖုန်း၏ lock screen တွင် ချန်ထားနိုင်သည်။
လိုအပ်သူများ ဒီမှာ ၀င်ရောက်ပြီး မိမိဖုန်းမှာ အင်စတော့ လုပ်ထားလိုက်ပါ 
ဖုန်းငွေဖြည့်ကတ်ကို Scan ဖတ်ပြီး အမြန်ထည့်မယ်..(ဂဏန်းတွေကို တစ်လုံးချင်း ရိုက်နေစရာမလိုတော့ အမှားလည်း မရှိတော့ဘူးပေါ့)
ဒီဆော့ဝဲလ်လေးကတော့  မြန်မာမိုဘိုင်းဂရုကနေ   ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။ ဆော့ဝဲလ်ကို
install လုပ်ပြီး ငွေဖြည်ကတ်က လျှို့ဝှက်နံပါတ်တွေကိုချိန်ပြီး  scan ကိုနှိပ်ရမှာဖြစ်ပါတယ်။ scan လုပ်နေတုန်းတော့ လက်ငြိမ်ဖို့တော့လိုတယ်နော်။ Android version 3.0 နှင့်အထက်မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
အင်တာနက်သုံးရင်း အမြဲတမ်း အိပ်ပျော်နေတတ်တဲ့ ကျွန်တော့ သူငယ်ချင်းတွေအတွက်3G Manager – Battery saver v2.2.1 for android(latest version)
Android ဖုန်း/Tablet ကိုင်ဆောင်သူတွေ အတွက် အင်တာနက်သုံးရင်; အိပ်ပျော်တဲ့ အခါ ပိုက်ဆံမကုန်အောင် ပြုလုပ်ပေးမယ့် 3G Manager v 2.1 for android(latest version) ကိုတင်ပေးလိုက်ပါတယ် ..ဒီဆော့ဝဲလ်လေး တကယ်တော့ ဘက်ထရီ Saving လုပ်ပေးတဲ့ဆော့ဝဲလ်လေးဖြစ်ပါတယ်.. ဒါပေမယ့် အင်တာနက် သုံးနေရင် အိပ်ပျော်တဲ့အခါမှာ လိုင်း auto ဖြတ်ပေးတာကြောင့်အသုံးပြုနိုင်ဖို့ တင်ပေးလိုက်တာပါ။ အင်တာနက် သုံးရင်း အိပ်ပျော်သွားတဲ့ အခါမှာ ဖုန်းဘေလ် လည်းကုန် ဘက်ထရီလည်း မခံ ဖြစ်တဲ့ အတွက် ဆိုးကျိုးချည်းဖြစ်ပါတယ်..အဲဒီအရာတွေကို ဒီဆော့ဝဲလ်အသုံးပြုပြီး  ဖြေရှင်းနိုင်မှာဖြစ်ပါတယ် ..ဆော့ဝဲလ် ကို install လုပ်ပြီး enable manager ကို  On ပေးထားခြင်းဖြင့် ညဘက်အင်တာနက်သုံးရင်း အိပ်ပျော်တဲ့အခါ  Screen off သွားခြင်းဖြင့်  Mobile Data ကို အလိုလို ဖြတ်တောက် ပေးသွားမှာ ဖြစ်ပါတယ် ..ဒါအပြင် မိမိဖုန်းဘက်ထရီ ချွေတာဖို့အတွက်ပါ အသုံးပြုနိုင်တာကြောင့် မရှိမဖြစ်ဆောင်ထားသင့်တဲ့ ဆော့ဝဲလ်လေးဖြစ်ပါတယ်.. Google play မှာ 0.69 ဒေါ်လာ ပေးဝယ် ယူရမှာဖြစ်ပြီး Myanmar Mobile App Store မှာ Freedownload ရယူနိုင်ပါပြီ
ဒီမှာ ဒေါင်းပါ