နှင်းစက်လေးများ

Blogger Tricks

သူရိန်ထက်( နည်းပညာနှင့် အထွေထွေ ဘလော့)

Monday, August 18, 2014

ဖေ့ဘုတ်မှာ အမြဲတွေ့ရတဲ့ အဖြစ်အပျက်လေးပါ..စာမြန်း ပြန်မရေးဘူးဆိုရင် မာနကြီးတာလား.. စိတ်ကြီးဝင်တာလား..ခဏခဏ အပြောခံရပါတယ်..ကိုယ်ကတော့ အကြောင့်အမျိုးမျိုးကြောင့်ပေါ.. အဲလိုဖြစ်နေတာလေးတွေကို ဒီကောင်လေးက ကူညီပေးပါလိမ့်မယ်..။



ဖေ့ဘုတ် Auto Reply Message
-Facebook မှာ Messags(chat box) ကိုAuto-Reply ပြန်ပေး မယ့် ဆော့ဖ်ဝဲလေး တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်-

-အရင်ဆုံး "IM+Pro v6.6.2" ဆိုတဲ့application ကိုဒေါင်းလုပ်ဆွဲလိုက်ပါ။ ပြီးရင် apk ကိုinstall လုပ်ပါ။

-ဆော့ဖ်ဝဲကိုinstallလုပ်လိုက်ပြီးရင်၊ဆော့ဖ်ဝဲထဲကိုဖွင့်ဝင်လိုက်ပါ။

-ပြီးရင်မိမိအသုံးပြုမယ့် facebook account နဲ့log in ဝင်ပေးရပါမယ်။

-ပြီးရင်ဖုန်းရဲ့ menu နေရာကိုနှိပ်လိုက်ပါ။ အဲ့မှာညာဘက်မှာ၊စက်သွားစိပ်ပုံလေးနဲ့setting ဆိုတဲ့ပုံနေရာ ကိုနှိပ်ဝင်လိုက်ပါ။

-General Settings ထဲဝင်လိုက်ပြီး၊ Chat history ရယ်၊ Send with`Enter´ရယ်၊ အောက်ဆုံးက Auto Start နေ ရာတွေကို အမှန်ခြစ်အမှတ်တွေခြစ်ပေးပြီးရင်၊back key တချက်နဲ့ပြန်ဆုတ်လိုက်ပါ။

-ပြီးရင် auto reply လုပ်ဖို့အတွက်၊ Push Settings နေရာကိုနှိပ်ဝင်လိုက်ပါ။

-ပြီးရင်အောက်က Autoreply နေရာကို အမှန်ခြစ်၊ခြစ်ပေးပါ။

-ပြီးရင်သူ့အောက်က၊Message နေရာထဲကို နှိပ်ဝင်ပြီး၊ကိုယ် auto reply ပြန်ချင်တဲ့ စာသားတွေကို စိတ်ကြိုက်ရေးလိုက်ပြီးရင် ok ကိုနှိပ်ပေးပါ။

-ပြီးရင်သူ့အောက်က၊Auto-away နေရာ ကိုအမှတ်ခြစ်ပေးလိုက်ပါ။ ပြီးရင် back key နဲ့ပြန်ထွက်လိုက်ပါ။

-UI Settings တို့၊Notifications တို့၊ Advanced settings တို့၊UI Layout နေရာတွေမှာ လည်း၊ မိမိနှစ် သက်သလို၊Custimize ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

-ဒါ့အပြင်၊my status ထဲမှာမှာလည်း

-On line
-Away
-Do not disturb
-I am here
-Invisible
-Offline
-Custom status
များကိုလည်းမိမိနှစ်သက်ရာ status ကို ရွေးချယ်ပြောင်းလည်းထားနိုင်မှာဖြစ်ပါတယ်။

-Contacts များနေရာမှာမိမိဖေ့စ်ဘုတ်က friends များနှင့်onlineပေါ်မှာရှိနေတဲ့ fri: တွေကိုတွေ့ရမှာဖြစ်ပြီး၊
Chats ဆိုတဲ့နေရာမှာ၊မိမိဆီကိုပို့ထားပြောထားတဲ့မက်စ်ဆေ့ဂ်ျများကိုတွေ့ရကာ၊ Accounts ဆို တဲ့နေရာ မှာတော့၊မိမိလက်ရှိ log in ဝင်ပြီးအသုံးပြုနေတဲ့အကောင့်န်ကို တွေ့ရမှာဖြစ်ပြီး၊Add New account ဆိုတဲ့
နေရာမှာ လည်း၊နောက်ထပ် fb အကောင့်များကို ထပ်မံပေါင်းထည့်အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

-အားလုံး settings များပြုလုပ်ပြီးပါက IM+Pro ကိုစတင်ပြီးအသုံးပြုနိုင်ပါပြီ။ အခုဆို၊ကိုယ့်ရဲ့ friends များက၊ကိုယ့်ဆီကိုမက်စ်ဆေ့ဂ်ျရေးပို့လိုက်ပါက၊၎င်း friends များဆီသို့၊မိမိရေးသားထားတဲ့"auto reply"
စာသား များအလိုအလျောက် auto reply messages များပို့ပေးမှာဖြစ်ပါတယ်ဆိုတဲ့ အကြောင်းပြောကြား ရင်းနဲ့"IM+Pro" apk ကိုအသုံးပြုပြီး၊ဖေ့စ်ဘုတ်ကမက်စ်ဆေ့ဂ်ျများ ကို "auto reply" ပြန်ပါလိမ့်မယ်..
အစိမ်းရောင် Download ကို နှိပ်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်..

မိမိချစ်သူရဲ့ဖုန်းထဲမှာ ဒီ Application လေးကို ထည့်ထားလိုက်တာနဲ့ သူဘယ်သူ့ဆီဖုန်းတွေဆက်နေတယ်..ဘယ်သူ့တွေကို မက်ဆေ့ခ်ျပို့နေတယ်ဆိုတာ..




ဘယ်ကဖုန်းတွေလာနေတယ်။ မတ်ဆေ့ခ်ျတွေပို့နေတယ်။ ဆိုတာဖုန်းနံပါတ်တွေကို မတ်ဆေ့ခ်ျနှင့်ဖြစ်စေ၊Mail ပို့၍ဖြစ်စေကိုယ့်စေအကြောင်းကြားပေးမယ့် Application လေး တစ်ခုပါ။ဒါတင်မက မတ်ဆေ့ခ်ျ ပို့တဲ့သူဘယ်သူဘယ်ဝါ ဆိုတာအပြင် Message Log တွေကိုပါ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ဒီ Application လေးကို Install လုပ်ပြီး သူမသိအောင် Icon ကို password ပေးပြီးဖျောက်ထားလို့လည်းရပါတယ်။

ကဲ ….ချစ်သူ အူကြောင်ကြောင်တော့ လုပ်မနေနဲ့နော်.
မင်းဘာလုပ်နေတယ်ဆိုတာကိုယ်အကုန်သိနေတယ်လို့
သာပြောလိုက်ပါတော့။ ချစ်သူအချင်းချင်း ယုံကြည်မှုတွေ တိုးပွားနိုင်ကြပါစေနော်။
Download Here 

ဖုန်းလာရင် ခေါ်ဆိုသူရဲ့နံမည်ကိုပါ အော်ပြောပေးမယ့် Caller Name(နောက်ဆုံးထွက်)

ခေါ်ဆိုသူရဲ့ နာမည်ကို..  စိတ်ကြိုက်သတ်မှတ်ပေးလို့ ရပါတယ်..။ အခြားသူ မသိစေချင်တဲ့ နာမည်ဆိုရင်တော့ မမှတ်နဲ့ပေါ့ဗျာ... :p
ကိုယ့်​ထံကို phone ဝင်​လာရင်​ ​ခေါ်ဆို​နေသူရဲ့ နာမည်​ကို ​အော်​​ခေါ်​ပေး​မှာပါ။။ဒီလို apk ​လေးကို သယ်​ရင်းတို့ သုံးဖူးမှာပါ ဒါ​ပေမယ့်​ ဒီ​ကောင်​​လေးက ​ပေါ့​ပေါ့ပါးပါး​လေးနဲ့ သုံးရတာ အဆင်​​ပြေတယ်​ဗျ အရင်ကလည်း ဒီလို apk ​လိုမျိုး ​တော်​​တော်​များများရှိပါတယ်.. သိပ်အကြိုက်မတွေ့လှပါဘူး..ဒါကတော့ အားလုံးလည်း ကြိုက်ကြမယ်လို့ ထင်ပါတယ်..။ အခြား apk ​တွေနဲ့ မတူတဲ့ သူရဲ့အားသာချက်​က file size  ​ပေါ့ပါးပြီး ​နေရာသိပ်​မယူသလို contents ​တွေထဲက မှတ်​ထားတဲ့ နာမည်​​တွေကို ကြည်​ကြည်​လင်​လင်​ရွတ်​ပြပြီး phone no ​တွေကိုလည်း တစ်​လုံးချင်းဖတ်​ပြတယ်​ဗျ ကဲမမိုက်​ဘူးလား ​အောက်​က link မှာ down လိုက်​​နော်
Download Here

Facebook Password မေ့သွားပီလား.. လွယ်ပါတယ်..ဒီလိုလေးလုပ်လိုက်..

ပထမဆုံး Facebook webpage ကို ဦးဆုံးဖွင့်လိုက်ပါ။ ပြီးရင် အောက်က ပုံလေးမှာ ပြထားတဲ့ အတိုင်း Forgot your password? ဆိုတဲ့ လင့်ကို ကလစ်နှိပ်လိုက်ပါ။



ထိုသို့ ကလစ်နှိပ်ပြီးပါက အောက်ပါပုံလေး ပေါ်လာပါလိမ့်မယ်။


အပေါ်ဆုံးမှာ ပါတဲ့ Enter your email or phone number ဆိုတဲ့ အကွက်ကလေးမှာ မိမိတို့
ဖေ့ဘုတ်ဖွင့်တုန်းက သုံးခဲ့တဲ့ မေးလ်ကို ရိုက်ထည့်ပေးရပါမယ်။ ပြီးရင် Search ကို ကလစ်နှိပ်လိုက်ပါ။
ပြီးလျှင် security check ဆိုတဲ့ ဘောက်စ်ကလေး ကျလာပါလိမ့်မယ်။ အဲဒီထဲမှာ
ရှိတဲ့စာတွေကိုအောက်ကဘောက်စ်လေးထဲကို ဖြည့်ပေးလိုက်ပါ။ ပြီးရင် Submit ကိုကလစ်ပါ။

အဲဒီနောက်မှာ Reset your password? ဆိုတဲ့ ဘောက်စ်ကလေး တစ်ခု ထပ်ကျလာပါလိမ့်မယ်။ အဲဒီမှာ
မေးလ်နာမည်နဲ့ ဖေ့ဘုတ်မှာ သုံးတဲ့နာမည်ပေါ်နေပါလိမ့်မယ့် ။ ကိုယ့် အကောင့်မှန်တယ် ဆိုရင်တော့
Reset password ကို ကလစ်နှိပ်လိုက်ပါ။

အဲဒီမှာ Password reset code ဆိုပြီး တောင်းလာပါလိမ့်မယ်။ အောက်ကပုံလေးကိုကြည့်ပါ။

အဲလိုတောင်းလာပြီဆိုရင် အဲဒီ စာမျက်နှာကို ဒီတိုင်းထားပြီး ကိုယ်ဖွင့်ထားတဲ့ Browser ကနေ New tab
ခေါ်ပြီး ဖေ့စ်ဘုတ် အကောင့်သုံးထားတဲ့ မေးလ်ကို ဖွင့်ပါ။ အဲဒီမှာ ဖေ့စ်ဘုတ်ကနေပို့ထားတဲ့
မေးလ်တစ်စောင်ရောက်နေပါလိမ့်မယ်။ ခေါင်းစဉ်ကတော့ You requested a new Facebook password
ဆိုပြီးရောက်နေပါလိမ့်မယ်။ အဲဒီမေးလ်ကို ဖွင့်ပြီး ကုတ်ကိုကူးယူလိုက်ပါ။

အဲဒီကုတ်ကို ခုနက ကျတော်ဖွင့်ထားခဲ့တဲ့ ဖေ့စ်ဘုတ် စာမျက်နှာကိုသွားပြီး ကုတ်တွေကို ထည့်ပေးလိုက်ပါ။
ပြီးလျှင် Submit Code ကို ကလစ်နှိပ်လိုက်ပါ။

အဲဒီမှာ Enter a new password ဆိုတဲ့ ဘောက်စ်ကလေးကျလာပြီး နဂို ပတ်စ်ဝေါ့
အဟောင်းထည့်ပေးစရာမလိုပဲ။ ပတ်စ်ဝေါ့ အသစ်ရိုက်ထည့်ဖို့ အကွက်ကလေး
နှစ်ကွက်ပေါ်လာပါလိ့မ်မယ်။ ပြီးရင်တော့ Change password ကို ကလစ်နှိပ်လိုက်ယုံပါပဲ။

အဲဒီအဆင့်တွေ အားလုံးပြီးသွားပြီဆိုရင်တော့ ပတ်ဝေါ့အသစ်ပြန်ရလို့ ဖေ့စ်ဘုတ် အကောင့်ကိုလည်း
ပြန်သုံးလို့ ရပါပြီ။

Sunday, August 17, 2014

ဖုန်းတစ်လုံးမှာ facebook အကောင့်နှစ်မျိုးဖွင့်နိုင်တဲ့ 2-line-facebook



 စိတ်ဝင်စားသွားကြလိမ့်မယ်လို့ထင်ပါတယ်ဗျ/ တကယ် လည်းမိုက်ပါတယ်။ ဖုန်းတစ်လုံးထဲမှာတင် Facebook Account နှစ်ခုသုံးနိုင်တဲ့ Application လေးဖြစ်ပါတယ်။

2Line-Facebook-v1.0.1 ကိုအသုံးပြုဖို့အတွက် မိမိတို့ရဲ့ဖုန်းက Root Access ဖြစ်ဖို့တော့လိုအပ်ပါတယ်။ အသုံးပြုရတာလည်း လွယ်ကူပါတယ်။
Error မရှိပါဘူး ကျွန်တော်စမ်းပြီး ကလိကြည့်လို့အဆင်ပြေမှ တင်ပေးလိုက်တာပါ။

2Line-Facebook ကိုအောက်က link မှာရယူနိုင်ပါတယ်။
Download Here

Wednesday, August 13, 2014

Facebook က ဗွီဒီယိုတွေ ဒေါင်းလုတ် လုပ်လို့မရတော့ဘူးဆိုရင်..

ကျွန်တော်တို့ Andriod Facebook User တော်တော်များ ဖြစ်တတ်ပါတယ်..Facebook Photo တွေ Saveမရတာ.နောက် ဗွီဒီယိုဖိုင်တွေကို ဒေါင်းမရတာ..ခဏခဏ ကြုံပါတယ်.. အရင်ရှိပြီးသား Facebook downloader တွေကလည်း အလုပ်အလုပ်တော့တာ Update ကျသွားတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်
နောက်တစ်ခုက facebook latest version တွေကို ပြောင်းပြီး Install လုပ်လိုက်တာကြောင့်လည်း မူလ downloader ဒါတွေက အလုပ်မလုပ်တာတွေလည်း ရှိပါတယ်.. အမျိုးမျိုးပါပဲ..ဒါက ကျွန်တော် ကြုံတွေရတာလေးတွေပါ..မိတ်ဆွေများလည်း ကြုံခဲ့မယ်ဆိုရင် သုံးလို့ အဆင်ပြေမယ့် Downloader လေးကို ပြန်လည် မျှဝေပါတယ်.. အသုံးလိုမယ်ဆိုရင်တော့ အောက်မှာပေးထားတဲ့ လင့်ခ်မှ
ဝင်ရောက်အသုံးပြုနိုင်ပါတယ်..
ဒီမှာ ၀င်ရောက်ဒေါင်းယူပါ..။

Facebook Message ကို video file နဲ့ ပို့ကြရအောင်

ဒီကနေ့ W3 မှာ အရမ်းကို နာမည်ရ..ခေတ်စားနေတာကတော့ Social Network ကြီးဖြစ်တဲ့ Facebook Page
ပဲဖြစ်ပါတယ်.. သူလည်း facebook ငါလည်း facebook ..ဟိုဘက်တိုးလိုက်..ဒီဘက်တိုးလိုက်.. တိုးရင်းနဲ့ သုံလိုက်ပေါ့လေ..
ကဲစလိုက်ကြရအောင် ကဲအရင်ဦးဆုံ ကို
Massage ပို့ခြင်တဲ့သူငယ်ချင်းရဲ Facebook ကိုသွားလိုက်ပါ ပြီးတော့ အောက်ပုံမှာပြထား
တဲ့အတိုင်း Massage ကို Click လိုက်ပါ။


နောက်ပြီးတော့ အောက်ပုံမှာပြထားတဲ့ အမဲရောင်လဲနဲ့ပြထားတဲ့ Camera လေးနဲ့တူတဲ့
ဟာလေးကို Click လိုက်ပါ။





နောက်ပြီးတော့ Video ရိုတ်တဲ့ဟာလေးနဲ့ တူတဲ့ဟာကို Click လိုက်ပါ။
ပြီးတော့ Photo ပုလေးလိုပေါလာရင်တော့ Allow ပေးလိုက်ပါ ပြီးတော့ Close ကို Click
လိုက်ပါ။


ပြီးတော့ အမည်းရောငိလေးနဲ့ဝိုင်းထားတဲ့ နေရာလေးမှာ Click လိုက်ပါ Click ပြီးရင်တော့
Video ယာ Record ပြီးသားဖြစ်နေပြီ ကိုပြောခြင်တဲ့စကားကို ပြောလိုရပါပြီ။

ပြောပြီးရင်တော့ ကိုပြောခြင်တဲ့အရာတွေကုန်ပြီးရင်တော့ အခု Click လိုက်တဲ့ဟာကို ပြန်ပြီးတော့
Click လိုက်ပါ Stop ရန်အတွက်။


ပိုလိုရပါပြီ ဒါဆို ကိုယ့်သူငယ်ချင်းက ကိုယ့်ရဲ့Message Video ကိုလက်ခံရရှိနေ ပါပြီ။




Friday, August 8, 2014

မိမိဆီကို မဆက်သွယ်စေချင်တဲ့ ဖုန်းတွေကို Block လုပ်ပစ်မယ့် Ordblocker( အော်ရီဒူးဖုန်းများကို ရည်ရွယ်ရေးသားသည်)

ဖုန်းတွေကလည်း ဘယ်ကမှန်းမသိ အကြောင်းမရှိအကြောင်းရှာ.. တစ်ချိန်လုံး ဆက်နေကြတာ
စိတ်ညစ်လိုက်တာလို့ ညည်းငြုပြီး အော်နေကြတဲ့ သူငယ်ချင်းတွေအတွက်ပါ..အထူးသဖြင့် အော်ရီဒူး ဖုန်းတွေနဲ့ ဆက်လာတာကို အဓိကထား block ပေးမှာဖြစ်ပါတယ်....ဒါလေးကလည်း ညီမငယ်တစ်ယောက် အကူအညီလေးတောင်းတာနဲ့ post အဖြစ် တင်ဖြစ်သွားတာပါ..။
ဆော့ဝဲလ်အသုံးပြုနိုင်အောင် ရေးသားပေးတဲ့ မျိုးချစ်လူငယ်တစ်စုအားလည်း အထူးကျေးဇူးတင်ပါတယ်လို့
ဒီ ပို့စ်မှ ပြောကြားလိုပါတယ်..
ဒီနေရာမှာ ယူလိုက်ပါ..