သူရိန်ထက်( နည်းပညာနှင့် အထွေထွေ ဘလော့)

Monday, November 24, 2014

Android ဖုန်းတွေမှာ ဘာလို့ Log Out ခဏခဏ ဖြစ်လဲ? အဖြေရှာစို့...

Android ဖုန်းတွေမှာ ဘာလို့ Log Out ခဏခဏ ဖြစ်လဲ? ကဲ ဖြေရှင်းကြစို့ 

ဘော်ဒါ တစ်ယောက်က ဖွဘုတ်ကြီး  logout ခဏ ခဏ ဖြစ်နေလို့တဲ့ဗျာ..
အဲဒါ ဘိုလို လုပ်ရမလဲတဲ့ ..လာမေးပါတယ်.. ကျွန်တော် သိထားတာလေးတော့ ကြာပါပြီ.. ဒါပေမယ့် ကိုယ်တိုင်က မစမ်းရသေးတာနဲ့ဆိုတော့ အခြားသူတွေကို ပြောရင် အဆင်မပြေမှာလည်း စိုးရတယ်
အခုတော့ ကိုယ်တိုင် ဖြေရှင်းပေးမိတာလေးကို အဆင်ပြေသွားတာနဲ့ ပြန်လည်ပြောပြလိုက်ရပါတယ်.
ဘာလို့ Log Out ဖြစ်တာလဲ လို့ အဖြေရှာကြည့်တဲ့ အခါ အားလုံးနားလည်အောင်ပြောရရင် Connection မကောင်းလို့ပါ-- FB ကို တစ်ခါ ဖွင့်တိုင်း Security Data ကို Server ကို လှမ်းလှမ်းပြီး ပို့ပေးရပါတယ်လေ--တစ်ခါ Log In ၀င်ပြီးတော့ တစ်သက်လုံး ထိုင်သုံးလို့မရပါဘူး။ FB Application ကို ပထမ တစ်ခါ စပြီး Log in ၀င်မှ မဟုတ်ပါဘူး ခဏ ထွက် ပြန်ဖွင့် လည်း Security Data လှမ်းတောင်းနေပါတယ်--
{အခုနောက်ပိုင်းမှ ထပ်တိုးလာတဲ့ Security ဖြစ်ပါလိမ့်မယ်}

အဲဒီမှာ..တိုင်ပတ်တော့တာပါပဲ.. ကိုယ့်ရဲ Connection က ကျနေပြီ.. သေပြီပေါ့.။
ဥပမာ အလုံခန်းထဲ ရောက်နေတာမျိုးတို့။ Data တွေ မသွားတာ မျိုးတို့ ဖြစ်ပါတယ်.ဘိုလိုပြောရရင်တော့ Server ကို သွားတဲ့ Data တွေ လမ်းမှာ တစ်နေတာပေါ့ဗျာ..
မြန်မာနိုင်ငံ မှာ အများဆုံးဖြစ်ပါလိမ့်မယ်--
အားလုံးမဟုတ်တောင်..တော်တော်များများလည်း ဖြစ်နေကြပါတယ်..



အခုလဲ အဲ့လို Data ဆွဲအား မကောင်းတဲ့ အချိန်မှာ သွားပြီး Facebook သွားဖွင့်ပါတယ်-- သွားဖွင့်တော့ FB Server ကနေ လှမ်းပြီးတော့ Security Data တွေ တောင်းပါတယ် ဒီဘက်က မြန်မာ Connection နဲ့ တိုးပါတယ် ကဲ Security Data ကို Server ထိရောက်အောင် မပို့နိုင်ဘူး။
ဒီတော့ Server က account ကို ဖြုတ်ချပါတယ် ရိုးရိုးရှင်းရှင်းလေးပါပဲ---

Reverse >> ထို့အတူ မိမိလိုင်းက မကောင်းဘူး အဲ့အချိန်မှာ ကိုယ်က FB ကို Log Out လုပ်ချင်တယ် Log Out လုပ်လိုက်တယ် ။ Webpage မှာ Connection ပြတ်သွားတယ် ပြန်ဖြုတ်ပြန်တတ်တယ်-- Log in page ကိုရောက်မနေပါ-- မိမိရဲ့ Home ကို Log in ၀င်ပြီး သာလေးပဲ ဖြစ်နေပါတယ်--
{ဘာလို့လဲ ဆိုတော့ ဒါကလဲ ရှင်းရှင်းလေးပါပဲ-- ကိုယ် Log out လုပ်ချင်လို့ Log Out လုပ်မဲ့ Data ကို Send လိုက်တယ် Send နေတုန်း တန်းလန်း လိုင်းပြုတ်သွားတယ်။ ဒီတော့ Server က Bro ကသွားပြီး Log Out လုပ်မှန်း မသိတော့ နောက်တစ်ခါ  FB ဖွင့် မိမိ အကောင့် ၀င်ပြီးသားလေးပဲ ဖြစ်ပါတယ် :)}

" ဟင် ငါ FB သုံးနေတာ အကောင်းပြီး ဘာလို့ Log Out ဖြတ်တာလဲ။ သုံးတာဖြင့် ၁နာရီလောက်ရှိပြီ အခုမှ ခဏခဏ ပဲ ဆိုပြီပြောပါတယ်-- "

FB Application ရဲ့ Error မဟုတ်ပါဘူး... ကိုေ၇ွှလိပ် MPT ကြောင့်ပါပဲ.။
FB ရဲ့ Secutrity ထပ်တိုးထားတာရယ် ကိုကို MPT ရယ်ဆိုတော့ Log Out တာပေါ့..။
ကဲ ဒီလောက်ဆို သဘောပေါက်ပြီလို့ထင်ပါတယ်--

ဘယ်လိုဖြေရှင်မလဲဆိုတော့ Android ဖုန်းတွေမှာ ဆိုရင် Settings >> Accounts ဆိုပြီး ပါတတ်ပါတယ်--
Samsung ဖုန်းတွေမှာ တော့ ပါပါတယ်-- ကျွန်တော်က တခြားဖုန်းတွေ ကို မကိုင်နိုင်တော့ သိပ်မသိတာကို ခွင့်လွှတ်ပေးစေချင်ပါတယ်-

အဲ့ မှာ FB အတွက် ဆိုတာ ကို သွားပြီးတော့ Sync လုပ်ပေးပါ ပုံမှာလိုလေးပါ--  အဲ့မှာ Account နဲ့ Password ထည့်ထားရပါမယ်-- ဘာအတွက်လဲ ဆိုတာ အောက်မှာရှင်းထားပါတယ်--




ဒီလို အကောင့်ထည့်ထားခြင်းဟာ မိမိ Android နဲ့ Server ကို ချိတ်ထားခြင်းပါ---
အပေါ်က ပုံမှာ မြင်ရပါလိမ့်မယ်-- Dropbox, Facebook, Google အားလုံးပါပဲ--

ဒါနဲ့ ပြောပြရဦးမှာ Android ဖုန်းမှာ Log Out ခဏခဏ ဖြစ်တာက Facebook တစ်ခုထဲ မဟုတ်ပါဘူး ဆိုတာ ကြိုပြောထားပါရစေ--
Google Account လဲ ဖြစ်ပါတယ်-- အားလုံး ဖြစ်မှာပါပဲ--
ကဲ Google ရဲ့ Security ကတောင် Facebook ထက်ပိုမြင့်ပါသေးတယ်--

မယုံရင် Google အကောင့်ကို မြန်မာ နိုင်ငံ IP နဲ့ လုပ် ပြီး US IP နဲ့ ၀င်ကြည့်ပါ-- Webpage ရယ် Email Application မှာ Password ရော Username ရော မှန်နေတာတောင် ၀င်လို့ မရပါဘူး :)
Facebook က US IP နဲ့ ၀င်ဝင် Chinese IP နဲ့ ၀င်ဝင် အဲ့လို တားမြစ်ထားတာ မရှိပါဘူး။

Skype တို့ Dropbox တို့ကျ မရှိဘူးလို့ မေးပါလိမ့်မယ်-- သူတို့က အဲ့လောက်ထိ Security မလိုအပ်သလဲ အဲ့လောက်ထိလဲ Security ကြပ်မထားပါဘူး
Hacker တွေအားလုံးက FB, Twitter နဲ့ Google  ကိုပဲ အာရုံထားကြပါတယ် :)

ဒီတော့ မေးစရာ ရှိပါတယ် ဘာလို့ Google ကကျ Log Out မဖြစ်လဲ ဆိုတာ Android ဖုန်း တစ် လုံးကို စပြီး ၀င်တယ် ဆိုကတည်းက Google Play ၀င်ရင်ပဲ ဖြစ်ဖြစ် ။ Gmail, Talk သုံးရင်ပဲ ဖြစ်ဖြစ် Google Account ကို ထည့်လိုက်ရပြီးသားပါ--
အဲ့ကတည်းက တစ်ခါထည်း Account Info  Data တွေအားလုံး Accounts ထဲမှာ Sync လုပ်လိုက်ပြီးသားပဲ
အာ့ကြောင့် Server နဲ့ Account Info က ချိတ် နေပြီးသား ဖြစ်လို့ Log Out ဖြစ်ခြင်း၊ Log In ၀င်မရခြင်း ဆိုတာ မရှိပါဘူး :)

Facebook မှာက Android ဖုန်းတွေမှာ Original ပါတဲ့ ကောင်မဟုတ်ပါဘူး
အာ့ကြောင့် Facebook မှာ Account ကို Auto Sync လုပ်ထားလို့မရပါဘူး--
မိမိကိုယ်တိုင် သွားပြီး Sync လုပ်ထားရမှာပါ--

အားလုံးနားလည်အောင်ပြောရရင် Settings ထဲက Account ဆိုတာ Universal Server ကြီးပါပဲ {Facebook ဖက်က Server မဟုတ်ပါ မိမိဖက်က သူတောင်းတဲ့ Data ကို ပြန်လွှင့် ကိုယ်လိုအပ်တဲ့ Data ကို ပြန်ယူတဲ့ Server }-- မိမိ Data Info အားလုံးကို အဲမှာ သိမ်းဆည်းထားရင် လိုအပ်တဲ့ အချိန် လိုသလို သူက Data ယူသုံးနေပါလိမ့်မယ်

အကယ်လို့ အဲ့မှာ Sync မထားရင် Application နဲ့ FB ရဲ့ Server တိုက်ရိုက် ဆက်သွယ်ရတဲ့ အတွက် Data အလုံအလောက် မရရင် သူက လိုင်းပြုတ်နေဦးမှာပဲ

အာ့ကြောင့် မိမိ ဖုန်းကနေ Log Out ခဏခဏ မဖြစ်ချင်ရင် Settings >> Accounts ထဲမှာ မိမိရဲ့ FB
, Google, သက်ဆိုင် အကောင့်များကို ထည့်ထားလိုက်ပါလို့ ပြောကြားပါရစေဗျာ--

အဲ့လို အကောင့်ထည့်ထားခြင်းအားဖြင့် Data တော့ ပိုကုန်ပါတယ် ဒါပေမဲ့ အားလုံးက အဆင်ပြေတယ်လေ :)
တစ်ယောက်ယောက်က ကိုယ့်ကို Mail ပို့လိုက်ရင် ကိုယ်က တန်းသိတယ် ။ ကဲ Log In ၀င်စရာ မလိုဘူးမလား။ Gmail က Auto Data ကို Google Server နဲ့ အပေးအယူလုပ်နေတာပေါ့

ကဲ ဒီတော့ ဖြေရှင်းနည်းလဲ ပြောပြီးပြီ။ တရားခံလဲ ပြောပြီးပြီ။ ကိုယ့်ဖာသာကို အဖြေရှာကြတော့

Iphone တို့ မှာလဲ Log Out  ခဏခဏ ဖြစ်တယ်ပြောပါတယ်။ ကျွန်တော့်က Iphone မရှိတော့ ဘယ်လိုလုပ်ရမလဲ ဆိုတာတော့ မသိဘူးဖြစ်နေပါတယ်--

တချို့ မှာ Accounts ဆိုတာ မပါဘူး ပြောတယ် ရှိမှာပါ--- Auto လုပ်ထားပေးလို့ဖြစ်ပါလိမ့်မယ်လိုပြောပါရစေ--

ကဲ ဒီလောက်ပါပဲ ဆက်လက်ပြီးတော့  Research လေးများ လုပ်သွားဖို့ရှိပါတယ်--
ကျွန်တော်တော့ အခု အချိန်ထိ Log Out လုပ်လို့ ပြန်ဝင်ရတယ်ဆိုတာ အခု ဒီ ကောင်လေးရေးဖို့ Log Out ပုံကို Screenshot ရိုက်တာလေးပဲ ရှိသေးတယ် လို့ပြော၇င် နိဂုံးချုပ်အပ်ပါတယ်--

Auto Sync နည်းလမ်းအား ကိုကသစ်ပန်း website မှ မှီငြမ်းကိုးကား ပြရလို့လည်း အထူးကျေးဇူး တင်ပါ တယ်လို့လည်း ပြောကြားပါရစေ..။ လိုအပ်တဲ့ သိစရာ မှတ်စရာမှားကို တပြေညီ ပို့ချ ပေးနဲ့တဲ့ ကသစ်ပန်း Site အားလည်း အထူး Credit ပေးပါတယ်..

IOS 8 မှာ Wifi နှေးသူများ အသုံးပြုနေရင်း Wifi ပျောက်သွားသူများ အတွက်

IOS 8 မှာ Wifi နှေးသူများ အသုံးပြုနေရင်း Wifi ပျောက်သွားသူများ အတွက် ဖြေရှင်းရန် နည်းလမ်း







IOS 8 တင်ထားတဲ့ Device အားလုံးမှာဖြစ်နေတယ်လို့  မဆိုလိုပါဘူး..ဒါပေမယ့် ဖြစ်နေတဲ့သူများအတွက် အဆင်ပြေတဲ့ နည်းလမ်း ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်.. .....

 
1.Reset Netwook Settings:

Settings > General > Reset > Reset Network Settings အတိုင်းသွားပြီး Netwook ကို Reset လုပ်ပါမယ်။
အောက်ကပုံအတိုင်းပါ...



2.Disable a System Services: 
 
Settings > Privacy > Location Services >system Services ကိုသွားပြီး Wifi Networking ကို Disable ပေးလိုက်ပါ.....

 
ပြီးရင် မိမိ Devices မှာ Apple Logo ပေါ်လာပြီး Netwook ကို Restore ပြန်လုပ်နေပါလိမ့်မယ်။။။ မိမိ စက်ပြန်ပွင့်လာပြီဆိုတာနဲ့ Wifi ကိုပြန်လည်ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါပြီ.....



အပြောင်းအလဲများစွာများနဲ့ Facebook Update ( v.24.0.0.0.2)



 ကဲ Facebook User များအတွက် မနေ့ကမှ ထွက်လာတဲ့ faceboo version အသစ်လေးထွက်လို့ လာပါပြီ..။
အခုVersionကတော့ အရင်နဲ့ မတူဘူး logoကအစပြောင်းလဲသွားပါပြီး
  • photo 
  • Video 
  • status
  စတာတွေကို လျှင်မြန်စွာ အသုံးပြုလို့ ရလာပါပြီ..
Comment ပေးရင်တောင် pcမှာအသုံးပြုသလို ရုပ်ပုံများစွာလည်းပါဝင်လာပါတယ်
Group အသုံးပြုသူများ
Page အသုံးပြုသူများ
စသည်တို့ ကိုလည်း အဆင်ပြေစွာ အေးဆေး ကြည့်ရှုနိုင်ပါတယ်..
အောက်မှာ ..ပုံတွေကြည့်ပြီး လေ့လာလိုက်ပါ 






 
 

Facebook Profile အဆင်မပြေဖြစ်နေခဲ့ရင်..

Facebook Profile အဆင်မပြေ ဖြစ်နေရင်...


ကျနော်တို့ Facebook မှာ Cover Photo ဖြစ်ဖြစ်...Profile ဖြစ်ဖြစ်လုပ်တဲ့အခါမှာ စိတ်တိုင်းမကျတာများပါတယ်ဗျ။ ဟိုနေရာလေး လိုနေပြန်..ဒီနေရာလေး ကဒီလိုဖြစ် ပြန်နဲ့ သိပ်အဆင်မပြေပါဘူး။ တခါတလေ ကြတော့...ကိုယ် တင်ချင်တဲ့ပုံ က သတ်မှတ်ထားတဲ့ Size နဲ့မကိုက်ဘူးဆိုရင်လည်း အဆင်က မပြေပြန်ပါဘူး..အကြောင်းကတော့ Graphic ပိုင်းကို သိပ်နားမလည်ရင်လည်း ဒီလို ကြုံတွေ့ရပါတယ်..ဒါမှသာ စိတ်ကြိုက် Resolution နဲ့ ပြင်နိုင်မှာကိုး..။ ဒီတော့ဗျာ...သာမန်လူတွေအတွက်ကျတော့ သိပ်အဆင်မပြေလှဘူးပေါ့...ဒါပေမယ့် အခု ကျွန်တော် ပြောမယ့် Website link လေးကတော့ ဒါတွေကို အပြည့်အ၀ ကူညီပေးပါလိမ့်မယ်..Facebook မှ မဟုတ်ပါဘူး.. အခြားသော Social website တွေကိုလည်း စိတ်တိုင်းကျ ပြင်ဆင်လို့ ရနိုင်ပါတယ်။ AP Social Media Image လို့ ခေါ်ပါတယ်..။

Friday, November 14, 2014

ကိုယ့်ချစ်သူက..ကိုယ့်ကို ဘယ်လောက်ထိ ချစ်လဲဆိုတာ ရာနှုန်းပြည့် ဖော်ပြပေးနိုင်တဲ့ Real Love Test

 ကိုယ့်ချစ်သူက ကိုယ့်ကို ဘယ်လောက်ထိ ချစ်လဲဆိုတာ ရာခိုင်နှုန်းတွေနဲ့တောင် ဖော်ပြပေးတယ်လို့.. ဆိုပါတယ်... အသုံးပြုတတ်မှုအပေါ် မူတည်တယ်လို့လည်း မူရင်း ၀က်ဘ်ဆိုဒ်မှာ ဖော်ပြထားတာ တွေ့ရ ပါတယ်.. ဟုတ်လား..မဟုတ်ဘူးလားဆိုတာတော့ ကိုယ်တိုင်လုပ်ကြည့်ပြီး စဉ်းစားချင့်ချိန်နိုင်ရမှာမို့... အသုံး ပြုလိုတယ်ဆိုရင်တော့ အောက်မှာ ဒေါင်းလုပ် လုပ်ပြီး အသုံးပြုစေလိုပါတယ်.. 1.1 MB တော့ ရှိပါတယ်... သူရဲ့ Feature လေးတွေကိုလည်း အောက်မှာ အသေးစိတ် ဖော်ပြပေးထားပါတယ်....



-
Description
Real love test calculator is a love calculator which is most advanced development in love test which will show you couples compatibility perfectly behind all scientific reason in love calculator app .Real love test calculator has option of love calculator ,love meter ,couple compatibility , photo match ,thumb match ,palm match ,name and date of birth couples compatibility .

features of the love calculator love test
1.photo match
2.palm match
3.thumb match
4.name match
5.share button with all social networks and app
6.date of birth match
PHOTO MATCH : Is will show the love percentage by scanning the photo of the boy vs girl using love calculator
PALM MATCH : Using love calculator It will show couple love test by palm scanner which is an advanced with astrological signs
THUMB MATCH :It is similar to thumb scanner but it is well in showing the truth of love by scanning the thumb of the boy and girl better than the other love calculator or love test .
NAME MATCH ; Name match will show your couple match ,love match ,love test with better results



 
 
 
 
.