သူရိန်ထက်( နည်းပညာနှင့် အထွေထွေ ဘလော့)

Monday, November 24, 2014

Android ဖုန်းတွေမှာ ဘာလို့ Log Out ခဏခဏ ဖြစ်လဲ? အဖြေရှာစို့...

Android ဖုန်းတွေမှာ ဘာလို့ Log Out ခဏခဏ ဖြစ်လဲ? ကဲ ဖြေရှင်းကြစို့ 

ဘော်ဒါ တစ်ယောက်က ဖွဘုတ်ကြီး  logout ခဏ ခဏ ဖြစ်နေလို့တဲ့ဗျာ..
အဲဒါ ဘိုလို လုပ်ရမလဲတဲ့ ..လာမေးပါတယ်.. ကျွန်တော် သိထားတာလေးတော့ ကြာပါပြီ.. ဒါပေမယ့် ကိုယ်တိုင်က မစမ်းရသေးတာနဲ့ဆိုတော့ အခြားသူတွေကို ပြောရင် အဆင်မပြေမှာလည်း စိုးရတယ်
အခုတော့ ကိုယ်တိုင် ဖြေရှင်းပေးမိတာလေးကို အဆင်ပြေသွားတာနဲ့ ပြန်လည်ပြောပြလိုက်ရပါတယ်.
ဘာလို့ Log Out ဖြစ်တာလဲ လို့ အဖြေရှာကြည့်တဲ့ အခါ အားလုံးနားလည်အောင်ပြောရရင် Connection မကောင်းလို့ပါ-- FB ကို တစ်ခါ ဖွင့်တိုင်း Security Data ကို Server ကို လှမ်းလှမ်းပြီး ပို့ပေးရပါတယ်လေ--တစ်ခါ Log In ၀င်ပြီးတော့ တစ်သက်လုံး ထိုင်သုံးလို့မရပါဘူး။ FB Application ကို ပထမ တစ်ခါ စပြီး Log in ၀င်မှ မဟုတ်ပါဘူး ခဏ ထွက် ပြန်ဖွင့် လည်း Security Data လှမ်းတောင်းနေပါတယ်--
{အခုနောက်ပိုင်းမှ ထပ်တိုးလာတဲ့ Security ဖြစ်ပါလိမ့်မယ်}

အဲဒီမှာ..တိုင်ပတ်တော့တာပါပဲ.. ကိုယ့်ရဲ Connection က ကျနေပြီ.. သေပြီပေါ့.။
ဥပမာ အလုံခန်းထဲ ရောက်နေတာမျိုးတို့။ Data တွေ မသွားတာ မျိုးတို့ ဖြစ်ပါတယ်.ဘိုလိုပြောရရင်တော့ Server ကို သွားတဲ့ Data တွေ လမ်းမှာ တစ်နေတာပေါ့ဗျာ..
မြန်မာနိုင်ငံ မှာ အများဆုံးဖြစ်ပါလိမ့်မယ်--
အားလုံးမဟုတ်တောင်..တော်တော်များများလည်း ဖြစ်နေကြပါတယ်..



အခုလဲ အဲ့လို Data ဆွဲအား မကောင်းတဲ့ အချိန်မှာ သွားပြီး Facebook သွားဖွင့်ပါတယ်-- သွားဖွင့်တော့ FB Server ကနေ လှမ်းပြီးတော့ Security Data တွေ တောင်းပါတယ် ဒီဘက်က မြန်မာ Connection နဲ့ တိုးပါတယ် ကဲ Security Data ကို Server ထိရောက်အောင် မပို့နိုင်ဘူး။
ဒီတော့ Server က account ကို ဖြုတ်ချပါတယ် ရိုးရိုးရှင်းရှင်းလေးပါပဲ---

Reverse >> ထို့အတူ မိမိလိုင်းက မကောင်းဘူး အဲ့အချိန်မှာ ကိုယ်က FB ကို Log Out လုပ်ချင်တယ် Log Out လုပ်လိုက်တယ် ။ Webpage မှာ Connection ပြတ်သွားတယ် ပြန်ဖြုတ်ပြန်တတ်တယ်-- Log in page ကိုရောက်မနေပါ-- မိမိရဲ့ Home ကို Log in ၀င်ပြီး သာလေးပဲ ဖြစ်နေပါတယ်--
{ဘာလို့လဲ ဆိုတော့ ဒါကလဲ ရှင်းရှင်းလေးပါပဲ-- ကိုယ် Log out လုပ်ချင်လို့ Log Out လုပ်မဲ့ Data ကို Send လိုက်တယ် Send နေတုန်း တန်းလန်း လိုင်းပြုတ်သွားတယ်။ ဒီတော့ Server က Bro ကသွားပြီး Log Out လုပ်မှန်း မသိတော့ နောက်တစ်ခါ  FB ဖွင့် မိမိ အကောင့် ၀င်ပြီးသားလေးပဲ ဖြစ်ပါတယ် :)}

" ဟင် ငါ FB သုံးနေတာ အကောင်းပြီး ဘာလို့ Log Out ဖြတ်တာလဲ။ သုံးတာဖြင့် ၁နာရီလောက်ရှိပြီ အခုမှ ခဏခဏ ပဲ ဆိုပြီပြောပါတယ်-- "

FB Application ရဲ့ Error မဟုတ်ပါဘူး... ကိုေ၇ွှလိပ် MPT ကြောင့်ပါပဲ.။
FB ရဲ့ Secutrity ထပ်တိုးထားတာရယ် ကိုကို MPT ရယ်ဆိုတော့ Log Out တာပေါ့..။
ကဲ ဒီလောက်ဆို သဘောပေါက်ပြီလို့ထင်ပါတယ်--

ဘယ်လိုဖြေရှင်မလဲဆိုတော့ Android ဖုန်းတွေမှာ ဆိုရင် Settings >> Accounts ဆိုပြီး ပါတတ်ပါတယ်--
Samsung ဖုန်းတွေမှာ တော့ ပါပါတယ်-- ကျွန်တော်က တခြားဖုန်းတွေ ကို မကိုင်နိုင်တော့ သိပ်မသိတာကို ခွင့်လွှတ်ပေးစေချင်ပါတယ်-

အဲ့ မှာ FB အတွက် ဆိုတာ ကို သွားပြီးတော့ Sync လုပ်ပေးပါ ပုံမှာလိုလေးပါ--  အဲ့မှာ Account နဲ့ Password ထည့်ထားရပါမယ်-- ဘာအတွက်လဲ ဆိုတာ အောက်မှာရှင်းထားပါတယ်--




ဒီလို အကောင့်ထည့်ထားခြင်းဟာ မိမိ Android နဲ့ Server ကို ချိတ်ထားခြင်းပါ---
အပေါ်က ပုံမှာ မြင်ရပါလိမ့်မယ်-- Dropbox, Facebook, Google အားလုံးပါပဲ--

ဒါနဲ့ ပြောပြရဦးမှာ Android ဖုန်းမှာ Log Out ခဏခဏ ဖြစ်တာက Facebook တစ်ခုထဲ မဟုတ်ပါဘူး ဆိုတာ ကြိုပြောထားပါရစေ--
Google Account လဲ ဖြစ်ပါတယ်-- အားလုံး ဖြစ်မှာပါပဲ--
ကဲ Google ရဲ့ Security ကတောင် Facebook ထက်ပိုမြင့်ပါသေးတယ်--

မယုံရင် Google အကောင့်ကို မြန်မာ နိုင်ငံ IP နဲ့ လုပ် ပြီး US IP နဲ့ ၀င်ကြည့်ပါ-- Webpage ရယ် Email Application မှာ Password ရော Username ရော မှန်နေတာတောင် ၀င်လို့ မရပါဘူး :)
Facebook က US IP နဲ့ ၀င်ဝင် Chinese IP နဲ့ ၀င်ဝင် အဲ့လို တားမြစ်ထားတာ မရှိပါဘူး။

Skype တို့ Dropbox တို့ကျ မရှိဘူးလို့ မေးပါလိမ့်မယ်-- သူတို့က အဲ့လောက်ထိ Security မလိုအပ်သလဲ အဲ့လောက်ထိလဲ Security ကြပ်မထားပါဘူး
Hacker တွေအားလုံးက FB, Twitter နဲ့ Google  ကိုပဲ အာရုံထားကြပါတယ် :)

ဒီတော့ မေးစရာ ရှိပါတယ် ဘာလို့ Google ကကျ Log Out မဖြစ်လဲ ဆိုတာ Android ဖုန်း တစ် လုံးကို စပြီး ၀င်တယ် ဆိုကတည်းက Google Play ၀င်ရင်ပဲ ဖြစ်ဖြစ် ။ Gmail, Talk သုံးရင်ပဲ ဖြစ်ဖြစ် Google Account ကို ထည့်လိုက်ရပြီးသားပါ--
အဲ့ကတည်းက တစ်ခါထည်း Account Info  Data တွေအားလုံး Accounts ထဲမှာ Sync လုပ်လိုက်ပြီးသားပဲ
အာ့ကြောင့် Server နဲ့ Account Info က ချိတ် နေပြီးသား ဖြစ်လို့ Log Out ဖြစ်ခြင်း၊ Log In ၀င်မရခြင်း ဆိုတာ မရှိပါဘူး :)

Facebook မှာက Android ဖုန်းတွေမှာ Original ပါတဲ့ ကောင်မဟုတ်ပါဘူး
အာ့ကြောင့် Facebook မှာ Account ကို Auto Sync လုပ်ထားလို့မရပါဘူး--
မိမိကိုယ်တိုင် သွားပြီး Sync လုပ်ထားရမှာပါ--

အားလုံးနားလည်အောင်ပြောရရင် Settings ထဲက Account ဆိုတာ Universal Server ကြီးပါပဲ {Facebook ဖက်က Server မဟုတ်ပါ မိမိဖက်က သူတောင်းတဲ့ Data ကို ပြန်လွှင့် ကိုယ်လိုအပ်တဲ့ Data ကို ပြန်ယူတဲ့ Server }-- မိမိ Data Info အားလုံးကို အဲမှာ သိမ်းဆည်းထားရင် လိုအပ်တဲ့ အချိန် လိုသလို သူက Data ယူသုံးနေပါလိမ့်မယ်

အကယ်လို့ အဲ့မှာ Sync မထားရင် Application နဲ့ FB ရဲ့ Server တိုက်ရိုက် ဆက်သွယ်ရတဲ့ အတွက် Data အလုံအလောက် မရရင် သူက လိုင်းပြုတ်နေဦးမှာပဲ

အာ့ကြောင့် မိမိ ဖုန်းကနေ Log Out ခဏခဏ မဖြစ်ချင်ရင် Settings >> Accounts ထဲမှာ မိမိရဲ့ FB
, Google, သက်ဆိုင် အကောင့်များကို ထည့်ထားလိုက်ပါလို့ ပြောကြားပါရစေဗျာ--

အဲ့လို အကောင့်ထည့်ထားခြင်းအားဖြင့် Data တော့ ပိုကုန်ပါတယ် ဒါပေမဲ့ အားလုံးက အဆင်ပြေတယ်လေ :)
တစ်ယောက်ယောက်က ကိုယ့်ကို Mail ပို့လိုက်ရင် ကိုယ်က တန်းသိတယ် ။ ကဲ Log In ၀င်စရာ မလိုဘူးမလား။ Gmail က Auto Data ကို Google Server နဲ့ အပေးအယူလုပ်နေတာပေါ့

ကဲ ဒီတော့ ဖြေရှင်းနည်းလဲ ပြောပြီးပြီ။ တရားခံလဲ ပြောပြီးပြီ။ ကိုယ့်ဖာသာကို အဖြေရှာကြတော့

Iphone တို့ မှာလဲ Log Out  ခဏခဏ ဖြစ်တယ်ပြောပါတယ်။ ကျွန်တော့်က Iphone မရှိတော့ ဘယ်လိုလုပ်ရမလဲ ဆိုတာတော့ မသိဘူးဖြစ်နေပါတယ်--

တချို့ မှာ Accounts ဆိုတာ မပါဘူး ပြောတယ် ရှိမှာပါ--- Auto လုပ်ထားပေးလို့ဖြစ်ပါလိမ့်မယ်လိုပြောပါရစေ--

ကဲ ဒီလောက်ပါပဲ ဆက်လက်ပြီးတော့  Research လေးများ လုပ်သွားဖို့ရှိပါတယ်--
ကျွန်တော်တော့ အခု အချိန်ထိ Log Out လုပ်လို့ ပြန်ဝင်ရတယ်ဆိုတာ အခု ဒီ ကောင်လေးရေးဖို့ Log Out ပုံကို Screenshot ရိုက်တာလေးပဲ ရှိသေးတယ် လို့ပြော၇င် နိဂုံးချုပ်အပ်ပါတယ်--

Auto Sync နည်းလမ်းအား ကိုကသစ်ပန်း website မှ မှီငြမ်းကိုးကား ပြရလို့လည်း အထူးကျေးဇူး တင်ပါ တယ်လို့လည်း ပြောကြားပါရစေ..။ လိုအပ်တဲ့ သိစရာ မှတ်စရာမှားကို တပြေညီ ပို့ချ ပေးနဲ့တဲ့ ကသစ်ပန်း Site အားလည်း အထူး Credit ပေးပါတယ်..

IOS 8 မှာ Wifi နှေးသူများ အသုံးပြုနေရင်း Wifi ပျောက်သွားသူများ အတွက်

IOS 8 မှာ Wifi နှေးသူများ အသုံးပြုနေရင်း Wifi ပျောက်သွားသူများ အတွက် ဖြေရှင်းရန် နည်းလမ်း







IOS 8 တင်ထားတဲ့ Device အားလုံးမှာဖြစ်နေတယ်လို့  မဆိုလိုပါဘူး..ဒါပေမယ့် ဖြစ်နေတဲ့သူများအတွက် အဆင်ပြေတဲ့ နည်းလမ်း ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်.. .....

 
1.Reset Netwook Settings:

Settings > General > Reset > Reset Network Settings အတိုင်းသွားပြီး Netwook ကို Reset လုပ်ပါမယ်။
အောက်ကပုံအတိုင်းပါ...



2.Disable a System Services: 
 
Settings > Privacy > Location Services >system Services ကိုသွားပြီး Wifi Networking ကို Disable ပေးလိုက်ပါ.....

 
ပြီးရင် မိမိ Devices မှာ Apple Logo ပေါ်လာပြီး Netwook ကို Restore ပြန်လုပ်နေပါလိမ့်မယ်။။။ မိမိ စက်ပြန်ပွင့်လာပြီဆိုတာနဲ့ Wifi ကိုပြန်လည်ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါပြီ.....



အပြောင်းအလဲများစွာများနဲ့ Facebook Update ( v.24.0.0.0.2)



 ကဲ Facebook User များအတွက် မနေ့ကမှ ထွက်လာတဲ့ faceboo version အသစ်လေးထွက်လို့ လာပါပြီ..။
အခုVersionကတော့ အရင်နဲ့ မတူဘူး logoကအစပြောင်းလဲသွားပါပြီး
  • photo 
  • Video 
  • status
  စတာတွေကို လျှင်မြန်စွာ အသုံးပြုလို့ ရလာပါပြီ..
Comment ပေးရင်တောင် pcမှာအသုံးပြုသလို ရုပ်ပုံများစွာလည်းပါဝင်လာပါတယ်
Group အသုံးပြုသူများ
Page အသုံးပြုသူများ
စသည်တို့ ကိုလည်း အဆင်ပြေစွာ အေးဆေး ကြည့်ရှုနိုင်ပါတယ်..
အောက်မှာ ..ပုံတွေကြည့်ပြီး လေ့လာလိုက်ပါ 






 
 

Facebook Profile အဆင်မပြေဖြစ်နေခဲ့ရင်..

Facebook Profile အဆင်မပြေ ဖြစ်နေရင်...


ကျနော်တို့ Facebook မှာ Cover Photo ဖြစ်ဖြစ်...Profile ဖြစ်ဖြစ်လုပ်တဲ့အခါမှာ စိတ်တိုင်းမကျတာများပါတယ်ဗျ။ ဟိုနေရာလေး လိုနေပြန်..ဒီနေရာလေး ကဒီလိုဖြစ် ပြန်နဲ့ သိပ်အဆင်မပြေပါဘူး။ တခါတလေ ကြတော့...ကိုယ် တင်ချင်တဲ့ပုံ က သတ်မှတ်ထားတဲ့ Size နဲ့မကိုက်ဘူးဆိုရင်လည်း အဆင်က မပြေပြန်ပါဘူး..အကြောင်းကတော့ Graphic ပိုင်းကို သိပ်နားမလည်ရင်လည်း ဒီလို ကြုံတွေ့ရပါတယ်..ဒါမှသာ စိတ်ကြိုက် Resolution နဲ့ ပြင်နိုင်မှာကိုး..။ ဒီတော့ဗျာ...သာမန်လူတွေအတွက်ကျတော့ သိပ်အဆင်မပြေလှဘူးပေါ့...ဒါပေမယ့် အခု ကျွန်တော် ပြောမယ့် Website link လေးကတော့ ဒါတွေကို အပြည့်အ၀ ကူညီပေးပါလိမ့်မယ်..Facebook မှ မဟုတ်ပါဘူး.. အခြားသော Social website တွေကိုလည်း စိတ်တိုင်းကျ ပြင်ဆင်လို့ ရနိုင်ပါတယ်။ AP Social Media Image လို့ ခေါ်ပါတယ်..။

Friday, November 14, 2014

ကိုယ့်ချစ်သူက..ကိုယ့်ကို ဘယ်လောက်ထိ ချစ်လဲဆိုတာ ရာနှုန်းပြည့် ဖော်ပြပေးနိုင်တဲ့ Real Love Test

 ကိုယ့်ချစ်သူက ကိုယ့်ကို ဘယ်လောက်ထိ ချစ်လဲဆိုတာ ရာခိုင်နှုန်းတွေနဲ့တောင် ဖော်ပြပေးတယ်လို့.. ဆိုပါတယ်... အသုံးပြုတတ်မှုအပေါ် မူတည်တယ်လို့လည်း မူရင်း ၀က်ဘ်ဆိုဒ်မှာ ဖော်ပြထားတာ တွေ့ရ ပါတယ်.. ဟုတ်လား..မဟုတ်ဘူးလားဆိုတာတော့ ကိုယ်တိုင်လုပ်ကြည့်ပြီး စဉ်းစားချင့်ချိန်နိုင်ရမှာမို့... အသုံး ပြုလိုတယ်ဆိုရင်တော့ အောက်မှာ ဒေါင်းလုပ် လုပ်ပြီး အသုံးပြုစေလိုပါတယ်.. 1.1 MB တော့ ရှိပါတယ်... သူရဲ့ Feature လေးတွေကိုလည်း အောက်မှာ အသေးစိတ် ဖော်ပြပေးထားပါတယ်....



-
Description
Real love test calculator is a love calculator which is most advanced development in love test which will show you couples compatibility perfectly behind all scientific reason in love calculator app .Real love test calculator has option of love calculator ,love meter ,couple compatibility , photo match ,thumb match ,palm match ,name and date of birth couples compatibility .

features of the love calculator love test
1.photo match
2.palm match
3.thumb match
4.name match
5.share button with all social networks and app
6.date of birth match
PHOTO MATCH : Is will show the love percentage by scanning the photo of the boy vs girl using love calculator
PALM MATCH : Using love calculator It will show couple love test by palm scanner which is an advanced with astrological signs
THUMB MATCH :It is similar to thumb scanner but it is well in showing the truth of love by scanning the thumb of the boy and girl better than the other love calculator or love test .
NAME MATCH ; Name match will show your couple match ,love match ,love test with better results



 
 
 
 
.

Monday, August 18, 2014

ဖေ့ဘုတ်မှာ အမြဲတွေ့ရတဲ့ အဖြစ်အပျက်လေးပါ..စာမြန်း ပြန်မရေးဘူးဆိုရင် မာနကြီးတာလား.. စိတ်ကြီးဝင်တာလား..ခဏခဏ အပြောခံရပါတယ်..ကိုယ်ကတော့ အကြောင့်အမျိုးမျိုးကြောင့်ပေါ.. အဲလိုဖြစ်နေတာလေးတွေကို ဒီကောင်လေးက ကူညီပေးပါလိမ့်မယ်..။



ဖေ့ဘုတ် Auto Reply Message
-Facebook မှာ Messags(chat box) ကိုAuto-Reply ပြန်ပေး မယ့် ဆော့ဖ်ဝဲလေး တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်-

-အရင်ဆုံး "IM+Pro v6.6.2" ဆိုတဲ့application ကိုဒေါင်းလုပ်ဆွဲလိုက်ပါ။ ပြီးရင် apk ကိုinstall လုပ်ပါ။

-ဆော့ဖ်ဝဲကိုinstallလုပ်လိုက်ပြီးရင်၊ဆော့ဖ်ဝဲထဲကိုဖွင့်ဝင်လိုက်ပါ။

-ပြီးရင်မိမိအသုံးပြုမယ့် facebook account နဲ့log in ဝင်ပေးရပါမယ်။

-ပြီးရင်ဖုန်းရဲ့ menu နေရာကိုနှိပ်လိုက်ပါ။ အဲ့မှာညာဘက်မှာ၊စက်သွားစိပ်ပုံလေးနဲ့setting ဆိုတဲ့ပုံနေရာ ကိုနှိပ်ဝင်လိုက်ပါ။

-General Settings ထဲဝင်လိုက်ပြီး၊ Chat history ရယ်၊ Send with`Enter´ရယ်၊ အောက်ဆုံးက Auto Start နေ ရာတွေကို အမှန်ခြစ်အမှတ်တွေခြစ်ပေးပြီးရင်၊back key တချက်နဲ့ပြန်ဆုတ်လိုက်ပါ။

-ပြီးရင် auto reply လုပ်ဖို့အတွက်၊ Push Settings နေရာကိုနှိပ်ဝင်လိုက်ပါ။

-ပြီးရင်အောက်က Autoreply နေရာကို အမှန်ခြစ်၊ခြစ်ပေးပါ။

-ပြီးရင်သူ့အောက်က၊Message နေရာထဲကို နှိပ်ဝင်ပြီး၊ကိုယ် auto reply ပြန်ချင်တဲ့ စာသားတွေကို စိတ်ကြိုက်ရေးလိုက်ပြီးရင် ok ကိုနှိပ်ပေးပါ။

-ပြီးရင်သူ့အောက်က၊Auto-away နေရာ ကိုအမှတ်ခြစ်ပေးလိုက်ပါ။ ပြီးရင် back key နဲ့ပြန်ထွက်လိုက်ပါ။

-UI Settings တို့၊Notifications တို့၊ Advanced settings တို့၊UI Layout နေရာတွေမှာ လည်း၊ မိမိနှစ် သက်သလို၊Custimize ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

-ဒါ့အပြင်၊my status ထဲမှာမှာလည်း

-On line
-Away
-Do not disturb
-I am here
-Invisible
-Offline
-Custom status
များကိုလည်းမိမိနှစ်သက်ရာ status ကို ရွေးချယ်ပြောင်းလည်းထားနိုင်မှာဖြစ်ပါတယ်။

-Contacts များနေရာမှာမိမိဖေ့စ်ဘုတ်က friends များနှင့်onlineပေါ်မှာရှိနေတဲ့ fri: တွေကိုတွေ့ရမှာဖြစ်ပြီး၊
Chats ဆိုတဲ့နေရာမှာ၊မိမိဆီကိုပို့ထားပြောထားတဲ့မက်စ်ဆေ့ဂ်ျများကိုတွေ့ရကာ၊ Accounts ဆို တဲ့နေရာ မှာတော့၊မိမိလက်ရှိ log in ဝင်ပြီးအသုံးပြုနေတဲ့အကောင့်န်ကို တွေ့ရမှာဖြစ်ပြီး၊Add New account ဆိုတဲ့
နေရာမှာ လည်း၊နောက်ထပ် fb အကောင့်များကို ထပ်မံပေါင်းထည့်အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

-အားလုံး settings များပြုလုပ်ပြီးပါက IM+Pro ကိုစတင်ပြီးအသုံးပြုနိုင်ပါပြီ။ အခုဆို၊ကိုယ့်ရဲ့ friends များက၊ကိုယ့်ဆီကိုမက်စ်ဆေ့ဂ်ျရေးပို့လိုက်ပါက၊၎င်း friends များဆီသို့၊မိမိရေးသားထားတဲ့"auto reply"
စာသား များအလိုအလျောက် auto reply messages များပို့ပေးမှာဖြစ်ပါတယ်ဆိုတဲ့ အကြောင်းပြောကြား ရင်းနဲ့"IM+Pro" apk ကိုအသုံးပြုပြီး၊ဖေ့စ်ဘုတ်ကမက်စ်ဆေ့ဂ်ျများ ကို "auto reply" ပြန်ပါလိမ့်မယ်..
အစိမ်းရောင် Download ကို နှိပ်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်..

မိမိချစ်သူရဲ့ဖုန်းထဲမှာ ဒီ Application လေးကို ထည့်ထားလိုက်တာနဲ့ သူဘယ်သူ့ဆီဖုန်းတွေဆက်နေတယ်..ဘယ်သူ့တွေကို မက်ဆေ့ခ်ျပို့နေတယ်ဆိုတာ..




ဘယ်ကဖုန်းတွေလာနေတယ်။ မတ်ဆေ့ခ်ျတွေပို့နေတယ်။ ဆိုတာဖုန်းနံပါတ်တွေကို မတ်ဆေ့ခ်ျနှင့်ဖြစ်စေ၊Mail ပို့၍ဖြစ်စေကိုယ့်စေအကြောင်းကြားပေးမယ့် Application လေး တစ်ခုပါ။ဒါတင်မက မတ်ဆေ့ခ်ျ ပို့တဲ့သူဘယ်သူဘယ်ဝါ ဆိုတာအပြင် Message Log တွေကိုပါ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ဒီ Application လေးကို Install လုပ်ပြီး သူမသိအောင် Icon ကို password ပေးပြီးဖျောက်ထားလို့လည်းရပါတယ်။

ကဲ ….ချစ်သူ အူကြောင်ကြောင်တော့ လုပ်မနေနဲ့နော်.
မင်းဘာလုပ်နေတယ်ဆိုတာကိုယ်အကုန်သိနေတယ်လို့
သာပြောလိုက်ပါတော့။ ချစ်သူအချင်းချင်း ယုံကြည်မှုတွေ တိုးပွားနိုင်ကြပါစေနော်။
Download Here 

ဖုန်းလာရင် ခေါ်ဆိုသူရဲ့နံမည်ကိုပါ အော်ပြောပေးမယ့် Caller Name(နောက်ဆုံးထွက်)

ခေါ်ဆိုသူရဲ့ နာမည်ကို..  စိတ်ကြိုက်သတ်မှတ်ပေးလို့ ရပါတယ်..။ အခြားသူ မသိစေချင်တဲ့ နာမည်ဆိုရင်တော့ မမှတ်နဲ့ပေါ့ဗျာ... :p
ကိုယ့်​ထံကို phone ဝင်​လာရင်​ ​ခေါ်ဆို​နေသူရဲ့ နာမည်​ကို ​အော်​​ခေါ်​ပေး​မှာပါ။။ဒီလို apk ​လေးကို သယ်​ရင်းတို့ သုံးဖူးမှာပါ ဒါ​ပေမယ့်​ ဒီ​ကောင်​​လေးက ​ပေါ့​ပေါ့ပါးပါး​လေးနဲ့ သုံးရတာ အဆင်​​ပြေတယ်​ဗျ အရင်ကလည်း ဒီလို apk ​လိုမျိုး ​တော်​​တော်​များများရှိပါတယ်.. သိပ်အကြိုက်မတွေ့လှပါဘူး..ဒါကတော့ အားလုံးလည်း ကြိုက်ကြမယ်လို့ ထင်ပါတယ်..။ အခြား apk ​တွေနဲ့ မတူတဲ့ သူရဲ့အားသာချက်​က file size  ​ပေါ့ပါးပြီး ​နေရာသိပ်​မယူသလို contents ​တွေထဲက မှတ်​ထားတဲ့ နာမည်​​တွေကို ကြည်​ကြည်​လင်​လင်​ရွတ်​ပြပြီး phone no ​တွေကိုလည်း တစ်​လုံးချင်းဖတ်​ပြတယ်​ဗျ ကဲမမိုက်​ဘူးလား ​အောက်​က link မှာ down လိုက်​​နော်
Download Here

Facebook Password မေ့သွားပီလား.. လွယ်ပါတယ်..ဒီလိုလေးလုပ်လိုက်..

ပထမဆုံး Facebook webpage ကို ဦးဆုံးဖွင့်လိုက်ပါ။ ပြီးရင် အောက်က ပုံလေးမှာ ပြထားတဲ့ အတိုင်း Forgot your password? ဆိုတဲ့ လင့်ကို ကလစ်နှိပ်လိုက်ပါ။



ထိုသို့ ကလစ်နှိပ်ပြီးပါက အောက်ပါပုံလေး ပေါ်လာပါလိမ့်မယ်။


အပေါ်ဆုံးမှာ ပါတဲ့ Enter your email or phone number ဆိုတဲ့ အကွက်ကလေးမှာ မိမိတို့
ဖေ့ဘုတ်ဖွင့်တုန်းက သုံးခဲ့တဲ့ မေးလ်ကို ရိုက်ထည့်ပေးရပါမယ်။ ပြီးရင် Search ကို ကလစ်နှိပ်လိုက်ပါ။
ပြီးလျှင် security check ဆိုတဲ့ ဘောက်စ်ကလေး ကျလာပါလိမ့်မယ်။ အဲဒီထဲမှာ
ရှိတဲ့စာတွေကိုအောက်ကဘောက်စ်လေးထဲကို ဖြည့်ပေးလိုက်ပါ။ ပြီးရင် Submit ကိုကလစ်ပါ။

အဲဒီနောက်မှာ Reset your password? ဆိုတဲ့ ဘောက်စ်ကလေး တစ်ခု ထပ်ကျလာပါလိမ့်မယ်။ အဲဒီမှာ
မေးလ်နာမည်နဲ့ ဖေ့ဘုတ်မှာ သုံးတဲ့နာမည်ပေါ်နေပါလိမ့်မယ့် ။ ကိုယ့် အကောင့်မှန်တယ် ဆိုရင်တော့
Reset password ကို ကလစ်နှိပ်လိုက်ပါ။

အဲဒီမှာ Password reset code ဆိုပြီး တောင်းလာပါလိမ့်မယ်။ အောက်ကပုံလေးကိုကြည့်ပါ။

အဲလိုတောင်းလာပြီဆိုရင် အဲဒီ စာမျက်နှာကို ဒီတိုင်းထားပြီး ကိုယ်ဖွင့်ထားတဲ့ Browser ကနေ New tab
ခေါ်ပြီး ဖေ့စ်ဘုတ် အကောင့်သုံးထားတဲ့ မေးလ်ကို ဖွင့်ပါ။ အဲဒီမှာ ဖေ့စ်ဘုတ်ကနေပို့ထားတဲ့
မေးလ်တစ်စောင်ရောက်နေပါလိမ့်မယ်။ ခေါင်းစဉ်ကတော့ You requested a new Facebook password
ဆိုပြီးရောက်နေပါလိမ့်မယ်။ အဲဒီမေးလ်ကို ဖွင့်ပြီး ကုတ်ကိုကူးယူလိုက်ပါ။

အဲဒီကုတ်ကို ခုနက ကျတော်ဖွင့်ထားခဲ့တဲ့ ဖေ့စ်ဘုတ် စာမျက်နှာကိုသွားပြီး ကုတ်တွေကို ထည့်ပေးလိုက်ပါ။
ပြီးလျှင် Submit Code ကို ကလစ်နှိပ်လိုက်ပါ။

အဲဒီမှာ Enter a new password ဆိုတဲ့ ဘောက်စ်ကလေးကျလာပြီး နဂို ပတ်စ်ဝေါ့
အဟောင်းထည့်ပေးစရာမလိုပဲ။ ပတ်စ်ဝေါ့ အသစ်ရိုက်ထည့်ဖို့ အကွက်ကလေး
နှစ်ကွက်ပေါ်လာပါလိ့မ်မယ်။ ပြီးရင်တော့ Change password ကို ကလစ်နှိပ်လိုက်ယုံပါပဲ။

အဲဒီအဆင့်တွေ အားလုံးပြီးသွားပြီဆိုရင်တော့ ပတ်ဝေါ့အသစ်ပြန်ရလို့ ဖေ့စ်ဘုတ် အကောင့်ကိုလည်း
ပြန်သုံးလို့ ရပါပြီ။

Sunday, August 17, 2014

ဖုန်းတစ်လုံးမှာ facebook အကောင့်နှစ်မျိုးဖွင့်နိုင်တဲ့ 2-line-facebook



 စိတ်ဝင်စားသွားကြလိမ့်မယ်လို့ထင်ပါတယ်ဗျ/ တကယ် လည်းမိုက်ပါတယ်။ ဖုန်းတစ်လုံးထဲမှာတင် Facebook Account နှစ်ခုသုံးနိုင်တဲ့ Application လေးဖြစ်ပါတယ်။

2Line-Facebook-v1.0.1 ကိုအသုံးပြုဖို့အတွက် မိမိတို့ရဲ့ဖုန်းက Root Access ဖြစ်ဖို့တော့လိုအပ်ပါတယ်။ အသုံးပြုရတာလည်း လွယ်ကူပါတယ်။
Error မရှိပါဘူး ကျွန်တော်စမ်းပြီး ကလိကြည့်လို့အဆင်ပြေမှ တင်ပေးလိုက်တာပါ။

2Line-Facebook ကိုအောက်က link မှာရယူနိုင်ပါတယ်။
Download Here

Wednesday, August 13, 2014

Facebook က ဗွီဒီယိုတွေ ဒေါင်းလုတ် လုပ်လို့မရတော့ဘူးဆိုရင်..

ကျွန်တော်တို့ Andriod Facebook User တော်တော်များ ဖြစ်တတ်ပါတယ်..Facebook Photo တွေ Saveမရတာ.နောက် ဗွီဒီယိုဖိုင်တွေကို ဒေါင်းမရတာ..ခဏခဏ ကြုံပါတယ်.. အရင်ရှိပြီးသား Facebook downloader တွေကလည်း အလုပ်အလုပ်တော့တာ Update ကျသွားတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်
နောက်တစ်ခုက facebook latest version တွေကို ပြောင်းပြီး Install လုပ်လိုက်တာကြောင့်လည်း မူလ downloader ဒါတွေက အလုပ်မလုပ်တာတွေလည်း ရှိပါတယ်.. အမျိုးမျိုးပါပဲ..ဒါက ကျွန်တော် ကြုံတွေရတာလေးတွေပါ..မိတ်ဆွေများလည်း ကြုံခဲ့မယ်ဆိုရင် သုံးလို့ အဆင်ပြေမယ့် Downloader လေးကို ပြန်လည် မျှဝေပါတယ်.. အသုံးလိုမယ်ဆိုရင်တော့ အောက်မှာပေးထားတဲ့ လင့်ခ်မှ
ဝင်ရောက်အသုံးပြုနိုင်ပါတယ်..
ဒီမှာ ၀င်ရောက်ဒေါင်းယူပါ..။

Facebook Message ကို video file နဲ့ ပို့ကြရအောင်

ဒီကနေ့ W3 မှာ အရမ်းကို နာမည်ရ..ခေတ်စားနေတာကတော့ Social Network ကြီးဖြစ်တဲ့ Facebook Page
ပဲဖြစ်ပါတယ်.. သူလည်း facebook ငါလည်း facebook ..ဟိုဘက်တိုးလိုက်..ဒီဘက်တိုးလိုက်.. တိုးရင်းနဲ့ သုံလိုက်ပေါ့လေ..
ကဲစလိုက်ကြရအောင် ကဲအရင်ဦးဆုံ ကို
Massage ပို့ခြင်တဲ့သူငယ်ချင်းရဲ Facebook ကိုသွားလိုက်ပါ ပြီးတော့ အောက်ပုံမှာပြထား
တဲ့အတိုင်း Massage ကို Click လိုက်ပါ။


နောက်ပြီးတော့ အောက်ပုံမှာပြထားတဲ့ အမဲရောင်လဲနဲ့ပြထားတဲ့ Camera လေးနဲ့တူတဲ့
ဟာလေးကို Click လိုက်ပါ။





နောက်ပြီးတော့ Video ရိုတ်တဲ့ဟာလေးနဲ့ တူတဲ့ဟာကို Click လိုက်ပါ။
ပြီးတော့ Photo ပုလေးလိုပေါလာရင်တော့ Allow ပေးလိုက်ပါ ပြီးတော့ Close ကို Click
လိုက်ပါ။


ပြီးတော့ အမည်းရောငိလေးနဲ့ဝိုင်းထားတဲ့ နေရာလေးမှာ Click လိုက်ပါ Click ပြီးရင်တော့
Video ယာ Record ပြီးသားဖြစ်နေပြီ ကိုပြောခြင်တဲ့စကားကို ပြောလိုရပါပြီ။

ပြောပြီးရင်တော့ ကိုပြောခြင်တဲ့အရာတွေကုန်ပြီးရင်တော့ အခု Click လိုက်တဲ့ဟာကို ပြန်ပြီးတော့
Click လိုက်ပါ Stop ရန်အတွက်။


ပိုလိုရပါပြီ ဒါဆို ကိုယ့်သူငယ်ချင်းက ကိုယ့်ရဲ့Message Video ကိုလက်ခံရရှိနေ ပါပြီ။




Friday, August 8, 2014

မိမိဆီကို မဆက်သွယ်စေချင်တဲ့ ဖုန်းတွေကို Block လုပ်ပစ်မယ့် Ordblocker( အော်ရီဒူးဖုန်းများကို ရည်ရွယ်ရေးသားသည်)

ဖုန်းတွေကလည်း ဘယ်ကမှန်းမသိ အကြောင်းမရှိအကြောင်းရှာ.. တစ်ချိန်လုံး ဆက်နေကြတာ
စိတ်ညစ်လိုက်တာလို့ ညည်းငြုပြီး အော်နေကြတဲ့ သူငယ်ချင်းတွေအတွက်ပါ..အထူးသဖြင့် အော်ရီဒူး ဖုန်းတွေနဲ့ ဆက်လာတာကို အဓိကထား block ပေးမှာဖြစ်ပါတယ်....ဒါလေးကလည်း ညီမငယ်တစ်ယောက် အကူအညီလေးတောင်းတာနဲ့ post အဖြစ် တင်ဖြစ်သွားတာပါ..။
ဆော့ဝဲလ်အသုံးပြုနိုင်အောင် ရေးသားပေးတဲ့ မျိုးချစ်လူငယ်တစ်စုအားလည်း အထူးကျေးဇူးတင်ပါတယ်လို့
ဒီ ပို့စ်မှ ပြောကြားလိုပါတယ်..
ဒီနေရာမှာ ယူလိုက်ပါ..

Tuesday, July 29, 2014

ဖေ့ဘုတ်မှာသင့်ချစ်သူအွန်လိုင်းတက်လာရင် သင့်ထံ အသံလေးနဲ့အသိပေးလာစေဖို့

ချစ်သူမှမဟုတ်ပါဘူး သူငယ်ချင်းတွေဘယ်သူပဲဖြစ်ဖြစ် သင့်friend list ထဲက သူတွေ ဖေ့ဘုတ်ပေါ်တက်လာပြီဆို သင့်က ဖုန်းဘေးချလို့တခြားမှာအာရုံရောက်နေရင် အသံလေးမြည်ပြီး အသိပေးစေတဲ့ ဆော့ဝဲလေးရယူဖို့ဖြစ်ပါတယ်
အသုံးပြုနည်းနဲ့ လိုတဲ့ဆော့ဝဲလေးကို တင်ပေးလိုက်ပါတယ်



 ဒေါင်းလုပ်ဆွဲပြီး apk လေးကိုတင်လိုက်ပါ။ပြီးရင် ဖွင့်လိုက်ပါက အပေါ်ကလို့တွေ့ရပါမယ်။ Add friend to tracking list ကိုနှိပ်ပေးလိုက်ပါ။





 သင့် င်္ဖေ့ဘုတ်က friend တွေပေါ်လာပါမယ်..အဲထဲမှာမှ ကိုယ့်ချစ်သူဆိုလည်းချစ်သူပေါ့ ... အွန်လိုင်းတက်လာရင်သတိပေးစေချင်တဲ့သူတွေရဲ့ ဘေးက ကြယ်လေးမှာ နှိပ်ပြီး ရွေးချယ်ပေးပါ။ အောက်ကပုံလိုပေါ့နော်
 အဲဒါလေးပါပဲ...ရွေးချယ်ပြီးရင် Done ကိုနှိပ်ပေးလိုက်ပါ။ တစ်ယောက်ချင်းဆီအတွက် Alert Tone တစ်မျိုးစီပေးထားချင်ယင်လည်း  ပေးထားချင်တဲ့ friend ပေါ်ကို ဖိထားလိုက်ပြီး set personalised Ringtone ကနေတစ်ဆင့် သီချင်းတီးလုံးလေးတွေ ရွေးထားပေးလိုက်ပါ။ ပြီးရင်တော့အောက်က မျှားနဲ့ပြထားတဲ့ button လေးကိုနှိပ်ပြီး Background ကနေ Run ခိုင်းထားလိုက်ပါ။
ဒါဆိုရင် သင့်ထည့်ထားတဲ့သူတွေ ဖေ့ဘုတ်ပေါ်တက်လာတာနဲ့ သင့်ကို တီးလုံးလေးနဲ့ အချက်ပေးပါလိမ့်မယ်နော်။။။အိုကေတယ်ဆို လက်ခုပ်သံလေး ကြားချင်တယ်ဗျာ..
အောက်ပါလင့်ခ်မှ SKIP ကို နှိပ်ပြီး ဒေါင်းယူနိုင်ပါတယ်...
ဒီနေရာက ..သွားလိုက်ပါ..
ဒီမှာ..နှိပ်ပါ..

                                             

Monday, July 28, 2014

andriod ဖုန်းကို စိပ်ပုတီးအဖြစ် အသုံးပြုနိုင်စေမယ့် MM Tally Counter

MMTallyCounter သည် Andriod phone ကို စိပ်ပုတီးအဖြစ် အသုံးပြုနိုင်ရန်ရည်ရွယ် ရေးသားထားခြင်း ဖြစ်
သည်။ ၄င်းတွင် Option(4)ခုပါရှိမှာဖြစ်ပါတယ်..အရေအတွက်ကို မှတ်သားသိရှိနိုင်ရန် သာမန်counter ပုတီးစိပ်လိုသူများအတွက်..၉..လုံးပုတီး..၂၇လုံးပုတီး..၁၀၈ လုံးပုတီး အစဉ် လိုက်ပါရှိသည်။ Tallycounter တွင်ပါရှိသော Tap ခလုတ်ကိုနှိပ်ပြီး စိပ်နိုင်သလို မိမိဖုန်းရဲ့ Vol key (up volume key) (Down volume key)များကို နှိပ်ပြီးလည်း အသုံးပြုနိုင်သည်
အောက်ပါ လင့်ခ်မှာ ရယူအသုံးပြုနိုင်ပါတယ်.( ဂုဏ်တော်ပွားများ ကုသိုလ်တရားများအစဉ်တိုးပွားပါစေ..)
Install ကိုနှိပ်ပြီး အသုံးပြုပါ..
ဒီနေရာက သွားလိုက်ပါ..

Tuesday, April 29, 2014

Facebook တွင်သူငယ်ချင်းကို Block လည်းမ Block ခြင်၊ Unfriend လည်းမလုပ်ခြင်သူများအတွက်


ငါ့ wall မှာ ငါတင်တာ၊ မကျေနပ်ရင် unfriend လုပ်သွား၊ ဒီလိုမျိုး facebook status တွေ မကြာခဏ တွေ့မိကြမယ်ထင်ပါတယ်။ ဒီလို status တွေကြောင့်လည်း အပြင်က သူငယ်ချင်းအရင်းကြီးတွေ Facebook သုံးပြီးခါမှပဲ သူစိမ်းတွေဖြစ်ကုန်ကြပါတယ်။ အဲဒီလိုဖြစ်ရတဲ့အကြောင်းက နှစ်ယောက်လုံးက facebook ကို မကျွမ်းကျင်လို့ပါ။ Facebook ကို ကျွမ်းကျင်မယ်ဆိုရင် တင်တဲ့လူကလည်း ကိုတင်ချင်တာ တင်လို့ရမယ်၊ ကြည့်မယ်လူကလည်း ကိုယ့်ဆီမှာ ဘယ်လိုအကြောင်းအရာတွေပဲ လာပေါ် 

ရမယ်ဆိုတာ သတ်မှတ်လို့ရတယ်။ ဒီတော့ သူငယ်ချင်းတွေ အချင်းချင်း မိတ်ပျက်စရာမလိုတော့ဘူးပေါ့။

အရင်ဆုံးပြောချင်တာက ကိုယ့်အကောင့်ထဲမှာ လူတွေအများကြီးရှိရဲ့သားနဲ့ ဘာလို့ သူတစ်ယောက်တည်းကပဲ တင်တဲ့ status တွေက ကိုယ့်ဆီမှာ လာပေါ်နေရသလဲဆိုတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာ အပြင်မှာလည်းခင်တဲ့ သူငယ်ချင်းနှစ်ယောက် facebook သုံးတယ်ဆိုပါစို့၊ friend လည်း အဒ်ထားတယ်။ ပထမတော့ ကိုယ့်သူငယ်ချင်းကြီးဆိုပြီး တင်သမျှ အကုန် like၊ comment တွေပေး၊ facebook မှာတွေ့ရင်လည်း chat ပေါ့ဗျာ၊ အဲဒီလို သူ့ post ကို like ထားဖူး၊ comment ပေးထားဖူး၊ chat ထားဖူးရင် facebook က အဲဒီလိုလူနှစ်ယောက်ကို အပြင်မှာရင်းနှီးတယ်လို့၊ ပိုခင်တယ်လို့ ယူဆပြီး သူတင်တဲ့ post ကို ပိုပြပေးတာ။ ဒါပေမယ့် နောက်ကျတော့ ဒီကောင်က နည်းနည်းလွန်လာပြီ၊ ထမင်းစားလည်းတင်၊ အပြင်သွားလဲတင်၊ checkin တွေလည်းဝင်၊ feeling တွေ watching တွေလည်းလုပ်၊ အိပ်ယာထလည်းတင် ဆိုတော့ မျက်စိနောက်လာကော၊ ဒါနဲ့ သူငယ်ချင်းအချင်းချင်းဆိုတော့ unfriend လည်းမလုပ်ချင်တော့ အရိပ်အမြွက်လေးပြောလိုက်တယ်၊
မင်းကွာ .. တစ်နေ့တစ်နေ့ ဘာတွေတင်မှန်းလည်းမသိဘူး၊ ငါ့ဆီမှာ လာပေါ်တာ ရှုပ်နေတာပဲ
ဆိုတော့ သူငယ်ချင်းကလည်း သဘောပေါက်တယ်၊ ဒါပေမယ့် လက်မခံနိုင်ဘူး၊ ပထမတော့ ဘာမှမပြောဘဲနေလိုက်တယ်။ ဒါပေမယ့် တင်တာတော့မလျှော့ဘူး၊ မလျှော့တော့ နောက်တစ်ကြိမ် အပြောခံရကော၊ ဒီတစ်ခါတော့ သူလည်း
ဒေါသထွက်လာပြီးတော့
ငါ့ဝေါမှာငါတင်တာကွာ၊ မင်းမမြင်ချင်ရင် unfriend လုပ်သွား၊ block သွားလည်း ဘာမှမဖြစ်ဘူး၊ ငါစိတ်မဆိုးဘူး
စိတ်မဆိုးဘူးသာပြောတာ၊ တစ်ကယ်လုပ်ကြည့်ပါလား၊ အပြင်မှာပါ မိတ်ပျက်ကုန်မယ်။ အဲဒါနဲ့ သူတင်တာတွေကို သည်းမခံနိုင်ရာကနေ သူက ဒီလိုပါပြောလာတော့ ဒေါသငယ်ထိပ်ရောက်ပြီဆိုပါတော့၊ ဒါပေမယ့်
မကောင်းတတ်လို့ unfriend လောက်ပဲလုပ်လိုက်တယ်။ ဒါပေမယ့် အပြင်မှာ အခေါ်အပြောမလုပ်ကြတော့တဲ့အထိ ဖြစ်သွားရော။ ဒီလိုနဲ့ တစ်ကယ်အပြင်က သူငယ်ချင်းတွေ Facebook ကြောင့် မိတ်ပျက်ကုန်လို့၊ facebook က အရင်တုန်းကတည်းက လုပ်ထားပေးတာ တစ်ခုရှိတယ်။ အဲဒီတုန်းကတော့ သူငယ်ချင်းဝေါကိုသွားပြီးတော့ Show in news feed ဆိုတာလေးကို အမှန်ခြစ်လေး ဖြုတ်ထားရတာ။ ဒါပေမယ့် အဲဒါက လူမမြင်လို့ထင်တယ်။ Facebook က follow နဲ့ unfollow ဆိုတာကို အသစ်လုပ်ပေးလိုက်ပါတယ်။ အသစ်ဆိုပေမယ့် ကြာပါပြီ။ ဒါပေမယ့် ကျွန်တော့်ပတ်ဝန်ကျင်မှာ ဒီလို ပြဿနာတွေ တွေ့နေရလို့ အခုမှ ပြန်တင်ပေးလိုက်တာပါ။ တင်တဲ့အခါမှာလည်း နှစ်ဖက်လုံးအတွက် အဆင်ပြေအောင် တင်ပေးမှာပါ။
ပထမကတော့ သူငယ်ချင်းဆီက post တွေ မမြင်ချင်တော့တဲ့လူတွေ အတွက်ပါ။ သူ့ post တွေ မမြင်ချင်ရင် သူ့ကို သွားပြောဖို့ မလိုပါဘူး။ အရင်ဆုံး မပြင်ချင်တဲ့လူရဲ့ wall ကို သွားလိုက်ပါ။ ပြီးရင် အောက်က ပုံမှာ ဝိုင်းပြထားတဲ့ Following ဆိုတာလေးကို နှိပ်လိုက်ပါ။ Follow လို့ ပြန်ပေါ်နေပါလိမ့်မယ်။ အဲဒါဆိုရပါပြီ။ သူ့ တင်သမျှ ကိုယ့်ဆီမှာ မတက်တော့ပါဘူး။

မလိုပါဘူး။ အရင်ဆုံး မပြင်ချင်တဲ့လူရဲ့ wall ကို သွားလိုက်ပါ။ ပြီးရင် အောက်က ပုံမှာ ဝိုင်းပြထားတဲ့ Following ဆိုတာလေးကို နှိပ်လိုက်ပါ။ Follow လို့ ပြန်ပေါ်နေပါလိမ့်မယ်။ အဲဒါဆိုရပါပြီ။ သူ့ တင်သမျှ ကိုယ့်ဆီမှာ မတက်တော့ပါဘူး။
facebook unfollow
နောက်တစ်နည်းကတော့ ကိုယ်တင်တာတွေ များနေတယ်လို့ အပြောခံရတဲ့ လူတွေအတွက်ပါ။ အရင်ဆုံး တင်တာများနေပြီ၊ ငါ့ဆီမှာ လာပေါ်တာရှုပ်နေတာပဲ လို့ ပြောတဲ့သူရဲ့ wall ကိုသွားလိုက်ပါ။ အောက်မှာ ပြထားတဲ့အတိုင်း Friends ဘေးက down arrow လေးကိုနှိပ်ပြီး၊ Acquaintances ကိုနှိပ်လိုက်ပါ။
acquaintance
ပြီးရင် ကိုယ် post တင်တော့မယ်ဆိုရင် အောက်ကပုံထဲကအတိုင်း post visibility setting မှာ “Friends except acquaintances” ဆိုတာကို ရွေးပြီး တင်လိုက်ပါ။
friend-except-acquaintances
ဒါဆို ကိုယ်နဲ့ friend ဖြစ်တဲ့သူ အားလုံးမြင်ရပါမယ်။ ဒါပေမယ့် Acquaintances ထဲက လူတွေကတော့ Freind ဖြစ်ပေမယ့် မမြင်ရပါဘူး။ အဲဒါအပြင် ဒီနည်းလမ်းနှစ်ခုလုံးကို လုပ်တာဟာ တစ်ဖက်ကလူကို အဲဒီလိုလုပ်ထားတယ်ဆိုတာ မသိစေတဲ့အတွက် အပြင်မှာလည်း မိတ်မပျက်သလို Facebook ကိုလည်း စိတ်ကြိုက်သုံးနိုင်မှာပါ။

အသံဖြင့် မိမိဖုန်းကို Screen Lock ချမယ်ဆိုရင်...

Screen Lock ကို မိမိအသံနဲ့ ဖွင့်နိုင်မယ့် App လေးဖြစ်ပါတယ်။
English လို ပြောပြီး ဖွင့်ရပါမယ်။ ကိုယ်နှစ်သက်ရာ English စကားလုံးကို ..
Record လုပ်ပြီး Voice Lock အဖြစ် သတ်မှတ်ပေးနိုင်ပါတယ်။
Voice Lock က မော်ဒယ်မြင့်ဖုန်းတွေမှာ built in အနေဖြင့်ပါတတ်ပါတယ်။
မပါတဲ့ဖုန်းတွေအတွက် ဒီ App လေးနဲ့ လန်းလို့ရသွားတာပေါ့။
Galaxy S3 မှာ ပါတဲ့ Voice Lock ထက်ကို ဒီ App လေးက ပိုမိုက်နေပါတယ်။
 English အသံထွက်တော့ ပြီပြင်မှရမယ်။
လွယ်ကူတဲ့ English အသံထွက်များကိုပဲ သတ်မှတ်တာ
ပိုပြီးအဆင်ပြေတယ်လို့ အကြံပေးပါရစေ။ စမ်းကြည့်ပါ။ Google Voice Search ပါသော ဖုန်းတော်တော်များများနဲ့ အဆင်ပြေပါတယ်။ Google Voice ကို အသုံးပြုပေမယ့် offline ပြောနိုင်တာဖြစ်လို့ အဆင်ပြေပါတယ်။ ကိုယ်သတ်မှတ်ထားတဲ့ အင်္ဂလိပ်စကားနဲ့ ဖွင့်တာဖြစ်လို့ ဖုန်းလုံခြုံရေးအတွက် ပိုပြီး စိတ်ချရပါတယ်။ Android 2.3 နှင့်အထက်တွင် အသုံးပြုနိုင်ပါတယ်။

Thursday, April 24, 2014

မြန်မာအမျိုးသမီးလေးတွေ

ကျွန်တော်တို့ မြန်မာအမျိုးသမီးလေးတွေအတွက် ဒီသီချင်းလေး နားဆင်ပေးပါ (ဒီမှာ နှိပ်ပါ)


ရူးလောက်အောင် လှတဲ့ အမျိုးသမီးဆိုတာ ကျုပ်တို့ မြန်မာအမျိုးသမီးတွေမှာပဲရှိတယ်
========================================================
ပန်းများတိုင်း မွှေးပျံကြပါစေ..ရေလို ကြည်လင်ကာ အေးမြစေ..
ဆည်းလည်းလေးများ လှုပ်ခတ်သလိုလေ..ပြောလိုက်တဲ့ စကားတိုင်း
ငြိမ်းချမ်းစေ..နှလုံးသားတိုင်း ငြိမ်းချမ်းစေ..ဖြူစင်ပါစေ စိတ်ထား..စိတ်နေ
ပြုံးလိုက်တိုင်း လှပတင့်တယ်..ရိုးသားတဲ့..စိတ်နဲ့လေ..
လှတဲ့နေရာမှာ နေလို မီးလို ထွန်းတောက်လို့ လှတဲ့နေရာမှာ ပြိုင်စံရှားလို့
မြင်သူတိုင်း အံ့သြပါစေ..ရုပ်ရေရူပကာ ချောတာတွေ..သဘောဖြူ..မနောဖြူ
ကျုပ်တို့ မြန်မာအမျိုးသမီးတွေကို အကောင်းချည်း ပြောပါစေ
https://drive.google.com/#my-drive

Saturday, April 19, 2014

ညီမငယ်လေး ကြည်ဖြူမေ သို့..

 ဒီသီချင်းလေးနားဆင်ရင် ဘ၀အမောတွေ ပြေပါစေလို့ ဆုတောင်းပါတယ်..ချစ်နှမ

Android သမားတွေအတွက် Free Call ခေါ်လို့ရတဲ့ ဆော့ဝဲပါ

 
အွန်လိုင်းမှ ညီငယ်တစ်ယောက် ဖုန်းနဲ့ အကူအညီ တောင်းထာတာလေးကို မအားတဲ့ကြားက ကျွန်တော် တင်ပေးလိုက်ပါတယ်.. အဆင်ပြေပါစေလို့ မျှော်လင့်ပါတယ် အရင်ကလည်း free call တွေ တင်ပေးဖူးပါတယ်.. ဒါပေမယ့် အဆင်မပြေဘူးလို့ ပြောကြတဲ့သူတွေလည်း ရှိခဲ့ပါတယ်
အခု ဆော့လ်ဝဲကတော့ လုံးဝ ကွက်တိကို အဆင်ပြေပါတယ်လို့ ပြောချင်ပါတယ်..

ထိုဆော့ဝဲကို အသုံးပြုရာတွင်လဲ ဘာအကောင့်မှလုပ်စရာမလိုပါဘူး ။ မိမိဖုန်းခေါ်လိုသော ဖုန်းနံပါတ်ကိုနှိပ်ပြီး တိုက်ရိုက်ခေါ်ဆိုနိုင်ပါတယ် ။ ကိုယ်ခေါ်ဆိုသော တစ်ဘက်ဖုန်းမှာ အင်တာနက်ရော ထိုဆော့ဝဲရောရှိစရာ လုံးဝမလိုပါဘူး ။
သင်ထိုဆော့ဝဲကို အသုံးပြုရာတွင် သင့်အား $.30 ကျပ်ပေးထားပါတယ် ထိုပိုက်ဆံနှင့် သင်ခေါ်ဆိုခြင်းဖြစ်ပါတယ် အကယ်၍Freeပေးထားသော ထိုပိုက်ဆံကုန်သွားပါက ပိုက်ဆံထက်ဝယ်စရာမလိုပါဘူး သင့်ဖုန်းSettings ထဲသွားပြီး Clear Data သို့မဟုတ် Uninstall လုပ်ပေးလိုက်ပါက အရင်တိုင်းပိုက်ဆံပြန်ရောက်လာပါတယ် ။


မရောက်လာဘူးဆိုပါက သူ့ဆော့ဝဲထဲမှာ Get free credits for calls ဆိုတာရှိပါတယ် ဝင်လိုက်ပါ ။ အဲဒီမှာ Free ပေးထားတဲ့ဂိမ်းတစ်ခုခုကို ဒေါင်းလိုက်ပါ ။  ပြီးသွားရင် ပိုက်ဆံအမောက်ပြထားတဲ့ဘေးက Reflash လုပ်တဲ့ မြှားအဝိုင်းလေးတွေ့ပါမယ် အဲတာလေးကိုနှိပ်ပေးလိုက်ပါ ပိုက်ဆံတိုးလာပါလိမ့် ပထမဖရီးပေးတဲ့ ပိုက်ဆံထက်တောင် ပိုများလာတတ်ပါတယ် 

Market မှာ အခုနောက်ဆုံထွက်ဆော့ဝဲကို လိုချင်သူများ အောက်မှာဒေါင်းယူပါ
Market ကို ဝင်လို့ရသူများက Play Store မှာဖရီးပေးထားပါတယ် သွားရောက်ဒေါင်းယူနိုင်ပါတယ်
Credit to DJ Joe 

                                           အသုံးပြုမယ်ဆိုရင် ဒီမှာ ဒေါင်းပါ 

Tuesday, March 4, 2014

အင်တာနက်သုံးထားတဲ့အချိန်နှင့်တကွကျသင့်ငွေကိုဖော်ပြပေးမယ့် - Internet Watch v1.0

Internet Watch - screenshot

ဒီ Post လေးဖြစ်မြောက်ရေးအတွက်..နည်းပညာများကို အစဉ်တစိုက် မျှဝေပေးနေသော ..ပြည့်ဖိုး နည်းပညာကို အထူပင် ကျေးဇူးတင်ရှိပါကြောင်း အရင်ပြောပါရစေ..
 
 အခုတင်ပေးလိုက်တဲ့ Application လေးကိုတော့ ခေါင်းစဉ်ကိုမြင်သွားတာနဲ့ သဘောကျ ကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ အရင် Version အဟောင်းတုန်းကလည်း တင်ပေးခဲ့ဖူးပါတယ်။ တော်တော်လေးကိုလည်းလူ ကြိုက်များခဲ့ပါတယ်။ အခုVersion မှာတော့ အဟောင်းထက်ပို ပြီးပြည့်စုံသွားပါပြီ။ ပုံမှာမြင်ရတဲ့အတိုင်းပါဘဲ အင်တာနက်အသုံးပြုတဲ့အချိန်ကိုဖော်ပြပေးမယ့်အပြင် ကျသင့်ငွေ (Internet Bill) ကိုပါထွက်ချက်ပြီးဖော်ပြပေး မှာဖြစ်ပါတယ်ဗျာ။တစ်နေ့အတွင်း အင်တာနက်အသုံးပြုခဲ့တဲ့ အကြိမ်အရေအတွက်အလိုက်ဖော်ပြပေးနိုင် တဲ့အပြင် တစ်ရက်ချင်း အသုံးပြုခဲ့တဲ့ အချိန် နဲ့ ကျသင့်ငွေကိုလည်းစုပေါင်းပြီးဖော်ပြပေးမှာဖြစ်ပါတယ်ဗျာ။ အခု Application လေးကိုရေးသားပေးခဲ့တဲ့ Developer Poe Poe Myint Swe ကိုလည်းကျေးဇူးအထူးတင်ရှိ ပါတယ်ဗျာ။ Android OS 2.2 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။ File Size ကလည်း 739kb သာရှိတာမို့ဒေါင်းယူထားစေချင်ပါတယ်ဗျာ။


Internet Watch - screenshot
Internet Watch - screenshot
ဒီအောက်မှာ ဒေါင်းယူပါ.
 
 

Android Shortcuts Finger v.1.5.2 (သေချာစွာဖတ်ပြီးအသုံးပြုစေချင်ပါသည်.

ဒေါင်းလုပ် လုပ်ရမယ့်လင်ခ်တွေ သေနေရင် ပြောခဲ့ပါ..

2 
ဒီတစ်ခါ MMUG က Android users မောင်နှမတွေနဲ့ မိတ်ဆက်ပေးချင်တာကတော့ Finger ShortCuts Application လေးပဲဖြစ်ပါတယ်။ ကျနော့် FB အကောင့်ထဲက သူတွေတော်တော်များများ ကတော့သိပြီးလောက်ပါပြီ။ အရမ်းအသုံးပြုလို့ကောင်းတယ်လို့ ကျနော့်အနေနဲ့ထင်တယ်ဗျာ …. ဘယ်တွေအတွက် အသုံးပြုတာလဲလို့ ခဗျားတို့စိတ်ထဲမှာ မေးခွန်းထုပ်နေလောက်ပြီ … ? ကျနော်လဲဖြေချင်လို့ … :P
Finger ဆိုတာ Application တွေကို Phone ကနေ Shortcut နဲ့ အလွယ်တကူ ခေါ်တာပါပဲဗျာ … PC အသုံးပြုတဲ့ သူတော်တော်များများကတော့ Shortcut ဆိုတာဘာလဲ သိလောက်ပါပြီ။ မသိသေးတဲ့ သူတွေအတွက်တော့ နဲနဲ Guide လုပ်ပေးပါမယ် … အောက်ကပုံမှာကြည့်ပါ … ဖုန်းရဲ့ Screen မှာ V လို့ရေးလိုက်တာနဲ့ Viber ပါထဲကို တန်းရောက်သွားပါတယ်။
10
ကျနော် ဒီ Application ကို အဓိက ပထမ ပေးချင်တွေကတော့ Huawei users တွေဖြစ်ပါတယ်။ Huawei ဖုန်းမှာ တရုပ် Applications တွေ ဘာတွေမှန်းမသိ ရှုတ်ရှတ်ခတ်နေတက်တာ သဘာဝပါ။ တစ်ချို့ကြတော့ Launcher တွေ သုံးပြီး ဖျောက်ထားတက်ကြတယ်။ တချို့ကြတော့လဲ မဖျောက်ပဲ သုံးနေကြတယ်ဆိုတာက တကူးတက မလုပ်ချင်သူတွေ ဒါမှမဟုတ် သက်ကြီးရွယ်အိုတွေ သို့မဟုတ် မလုပ်တက်ကြတဲ့သူတွေ ဖြစ်မယ်လို့ကျနော်ထင်ပါတယ်။ Application တစ်ခုခုကိုဝင်ချင်ရင် ရှာနေတာနဲ့ မျက်စီတွေ မူးနောက်သွားတက်ပါတယ်။ ဒုတိယ ပေးချင်သူတွေအတွက်ကတော့ ဖုန်း Screen မှာ ရှင်းရှင်းလင်းလင်း ကြိုက်သူတွေအတွက်ဖြစ်ပါတယ် … ဆယ်ကျော်သက်တွေအနေနဲ့ဆိုရင်တော့ အထာကြတယ်ပေါ့နော် … ကဲစရအောင်ဗျာ … Download လုပ်ပြီး Install လုပ်ပါခဗျာ …
Download Link –

meidafire

၁။ Finger Applications ကိုဖွင့်ပါ။ ဖွင့်လိုက်တာနဲ့ ညာဘက် အပေါ်ထောင့်မှာ စက်ဝိုင်းလေးမြင်ရပီပေါ့။ Easy Touch လို အသုံးပြုရမှာဖြစ်ပါတယ်။ အသုံးမပြုခင်ကြနော်တို့ Setting လေးခဏ ပြင်ရအောင်။ အဲ့ အဝိုင်းလေး ဖွင့်ရင် ကျနော်တို့ ခေါ်သုံးနိုင်မဲ့ ပုံလေးတွေကို ထည့်ရအောင်ဗျာ။
၂။ General Settings ထဲဝင်ပါ။ Start Finger on startup ကို On ပါ။ ပြီးရင် ဖုန်းမှ Back နဲ့ Main menu ကိုပြန်သွားပါ။
၃။ Your Finger Gestures ထဲဝင်ပါ။ Attention ဆိုတဲ့ Box တစ်ခုကြလာပါလိမ့်မယ်။ Do not show again ဆိုတဲ့ check box လေးကို On ပြီး Ok နှိပ်ပါ။ ပြီးရင် Add gesture ကို နှိပ်ပါ။
11
၎။ Name ဆိုတဲ့ နေရာမှာ ကိုပေးချင်တဲ့နာမည်ပေးပါ။ ကျနော်ကတော့ Viber Application ကိုဖွင့်ချင်တာဖြစ်တဲ့အတွက် Name မှာ Viber လို့ရိုက်ပြီး အောက်က Draw box မှာ V ဆိုတဲ့ ပုံလေးဆွဲလိုက်ပါတယ်။ ပြီးတော့ Next နဲ့ဆက်သွားလိုက်ပါ။ နောက်တစ်ခါ Draw box ထပ်ကြလာပါလိမ့်မယ်။ Accounts တွေဖွင့်ရင် Password ကို ၂ ခါ ပြန်ရိုက်ခိုင်းတဲ့သဘော မျိုးပဲဖြစ်ပါတယ်။ V ပုံလေး နောက်တစ်ခါထက်ဆွဲပေးလိုက်ပြီး Next နဲ့ဆက်သွားလိုက်ပါ။
[ အဲ့မှာ နဲနဲပြောချင်တာက V ဆိုတဲ့ စာလုံးသည် တဆက်တည်းဆွဲရတဲ့ အနေအထားဖြစ်ပါတယ်။ V မဟုတ်ပဲ Facebook အတွက် F ဆိုရင် လက်ခံမှာမဟုတ်ပါဘူးခဗျာ။ ဘာလို့လဲဆိုတော့ Draw ဆွဲတဲ့နေရာမှာ တဆက်တည်းဆွဲရတဲ့ ပုံတွေပဲရလို့ပါ။ ဒါကတော့ ဒီ Application ရဲ့ အားနည်းချက်တစ်ခုလို့ဆိုနိုင်ပါတယ်။ ]
 13
၅။ Choose your gesture action ဆိုတဲ့ box တစ်ခုကြလာပါလိမ့်မယ်။ ဒီ box ကတော့ V လို့ Draw ဆွဲလိုက်ရင် Finger ကဖွင့်ပေးလာမဲ့ Application ကို ရွေးခိုင်းတာပဲဖြစ်ပါတယ်။ Open Application ကိုရွေးပေးလိုက်ပါ။ Choose activity Box ထပ်ကြလာလျှင် Viber ကိုရွေးလိုက်ပါ။ ပြီးရင် Finger Application မှ ထွက်လို့ရပါပြီ။ အဲ့ဒါဆို ကျနော်တို့ Finger ကိုဖွင့်ပြီး Draw box မှာ V ဆိုရင် Viber ပွင့်လာပါပြီဗျာ … ခုပြောတဲ့ နည်းအတိုင်း တခြား Applications တွေလဲ Finger ထဲထည့်သွင်းနိုင်ပါတယ်။ စိတ်ဝင်စားရင် အများကြီးထပ်ကလီလို့ရပါတယ်။ အားလုံးအဆင်ပြေနိုင်ကြပါစေ …