သူရိန်ထက်( နည်းပညာနှင့် အထွေထွေ ဘလော့)

Tuesday, June 9, 2015

SD Card ထဲက အမှိုက်တွေကို အပြောင်ရှင်းပေးမယ့် SD card cleanup tool 0.6.4 For Android

ဒါလေးကတော့ SD Card ထဲက ဖိုင်တွေကို အပြောင်ရှင်းပေးမယ့် ဆော့ဝဲလေးပါ။ကျနော်တို့က ဆော့ဝဲတွေကို ဖုန်းထဲမှာ အလွယ်သွင်းလို့ရတော့ မျိုးစုံသွင်းကြည့် ကလိကြတယ်။ မကြိုက်ရင် ပြန်ဖျက်ကြတယ်။ အဲ uninstall လုပ်ကြတယ်။ ဒါပေမယ့် သွင်းလိုက်တဲ့ ဖိုင်တွေရဲ့ Cache File တွေက ကဒ်ထဲက နေရာတွေကိုယူပြီး နေကြတယ်။ unistall လုပ်လဲ အားလုံးကပျက်မသွားဘူး။ဒါကြောင့် ဆော့ဝဲတွေကို သွင်းလိုက် ဖျက်လိုက်လုပ်တဲ့အခါများလေ Memory နည်းလာလေပါပဲ။သွင်းထားတဲ့ ဆော့ဝဲလေးက လက်ရှိမှာ ဘာမှ မရှိပေမယ့် low space လာပြနေတတ်တယ်။ အဲဒါကိုဖြေရှင်းဖို့ ဒါလေးကိုသုံးလိုက်ပါ။ဒီထဲမှာ ရှိတဲ့ uninstaller Residue Data တွေကို ဖျက်ချလိုက်ရင် နေရာလွတ်တွေများလာပါလိမ့်မယ်။ အဲဒီ Data တွေက uninstall လုပ်ထားတဲ့ ဖိုင်တွေရဲ့ အမှိုက်တွေကျန်နေတာပါ။ ဒါတွေကို ဖျက်ချလိုက်ရင် နေရာလွတ်တွေများလာပြီး ဖုန်းလဲ ပေါ့ပါးလာပါလိမ့်မယ်။ Package manager ထဲက ဖိုင်တွေကတော့ ကိုယ့်ဖုန်းထဲမှာ ရှိနေတဲ့ apk ဖိုင်တွေပါ။ ဒါတွေကတော့ မဖျက်ပါနှင့် ။ကဲစမ်းကလိကြည့်လိုက်ကြပါဦး။
 
ဒီမှာ ဒေါင်းပါ.

Thursday, January 8, 2015

ဖုန်းတစ်လုံးမှာ Viber အကောင့်နှစ်ခု သုံးချင်လို့ပါတဲ့..

ဖုန်းတစ်လုံးထဲမှာတင် Viber Account နှစ်ခုသုံးနိုင်တဲ့ Application လေးဖြစ်ပါတယ်။ 2Lines for Viber ကိုအသုံးပြုဖို့အတွက် မိမိဖုန်းမှာ Root Access ဖြစ်ဖို့တော့လိုအပ်ပါတယ်။ အသုံးပြုရတာလည်း လွယ်ကူပါတယ်။ Account တစ်ခုထပ်ဖွင့်ချင်တယ်ဆိုရင်တော့ အောက်ကပုံမှာမြင်ရတဲ့ အတိုင်း Add new line for viber ကိုနှိပ်ပြီး Viber ဖွင့်နေကြပုံစံအတိုင်း ထပ်ဖွင့်ရုံပါပဲ။ အသုံးပြုရင်လည်း Viber ကိုနှိပ်ပြီး အသုံးပြုရမှာပါ။ သုံးနေရင်း အခြား Account ပြောင်းပြီးသုံးချင်တယ်ဆိုရင်တော့ 2Line For Viber ကို နှိပ်ပြီး ပြောင်းသုံးချင်တဲ့ ဖုန်းနံပါတ်ကို နှိပ်ပြီးသုံးရမှာပါ။ Android OS 2.2 နှင့်အထက်ဖုန်း များမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်။

 
**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။