သူရိန်ထက်( နည်းပညာနှင့် အထွေထွေ ဘလော့)

Friday, January 31, 2014

မရတဲံ့ ဖေ့ဘုတ်အကောင့် ရအောင်ဖွင့်မယ်


အခုတလော ဖေ့ဘုတ်အကောင့်တွေကို တော်တော်များ ပိတ်ထားပါတယ်..
ဖွင့်လို့ရပြန်တော့လည်း တစ်ရက်နှစ်ရက်ပဲ အသုံးခံတယ်..။ မကြာပါဘူး..အကောင့်ကလော့ကျသွားပါတယ်
တစ်ခါတစ်လေ Sign Up လုပ်ပြီးပြီးချင်းပဲ တန်းကျသွားတာတွေလည်း ရှိနေပြန်ပါတယ်..။
ဘာဖြစ်လို့လည်းဆိုရင်..မြန်မာနိုင်ငံကွန်နက်ရှင်ကြောင့် ဖြစ်တာလည်း ပါသလို..မြန်မာပြည်ကို Facbook Access လုပ်ခွင့်တွေကိုလည်း ကန့်သတ်ထားလို့ပါပဲ..။ ဒီနှစ်တွေမှာ Facebook ပြသနာတွေလည်း တော်တော် များများ တက်ခဲ့ပါတယ် ရှိပြီးသားအကောင့်တွေပါ ဆုံးရှုံးတဲ့အထိ ကို ဖြစ်ပါတယ်..။ တော်တော် စိတ်မကောင်းစရာပါ.. ဒါနဲ့ ကျွန်တော်လည်း အင်တာနက်ကြီးဆိုတာကို မွှေးနှောက်ရင်း တွေ့ရှိလာတဲ့ နည်းလမ်းလေးတစ်ခုနဲ့ ပါလာတဲ့ ဟင်းဖတ်လေး တစ်ဖတ်ကို သူငယ်ချင်းတွေနဲ့ မျှဝေခံချင်တာကြောင့် ပြန်လည်  ရေးသားတင်ပြရပါတယ်..

လိုအပ်သော EasyOvpn & OpenVPN Connect ကို ဒီမှာဒေါင်းပါ။

ဒေါင်း၍ရလာသော ဇစ်ကို Extract လုပ်ပါ။

Extract လုပ်၍ရလာသော EasyOvpn & OpenVPN Connect ကိုဖုန်းမှာ Install လုပ်ပါ။

OpenVPN Connect သည် Version 4.1.x အထက်မှာသာအလုပ်လုပ်ပါသည်။
Version 4.0.x များမှာတော့ bug ရှိနေသည်။

လိုအပ်တာရပြီဆိုလျှင် လုပ်ငန်းစတင်လိုက်ကြရအောင်
 ဖုန်းမှာ EasyOvpn ကိုဖွင့်ပါ။ နိုင်ငံအလိုက် IP များကိုပြသပေးလိမ့်မည်။

ကြိုက်နှစ်သက်ရာတစ်ခုကိုရွေး၍ Accept ကိုနှိပ်ပါ။

I trust မှာ အမှန်ခြစ်၍ ok နှိပ်ပါ။

ပြီးရင် Connect ကို နှိပ်ပါ။

Connect မဖြစ်ရင် အစောက အဆင့်ကို ပြန်သွား၍ ပေးထားသော IP အကွက်တွင်
နောက်တစ်ခုပြန်ရွေး၍ Connect လုပ်ပါ။

ချိတ်ဆက်သွားပြီဆိုလျှင် အေးအေးဆေးဆေးဖုန်းမှာ Facebook.apk ကို Install လုပ်၍ Sing up လုပ်နိုင်ပါပြီ။

Sing up လုပ်ပြီးလို့ facebook account တည်ဆောက်ပြီးသွားပြီဆိုလျှင်မိမိ Gmail ကို ပြန်ဖွင့်၍
Facebook ကပေးပို့လိုက်သော Link ကိုနှိပ်၍ Complete Sing up လုပ်ပေးလိုက်ရင်
Facebook အကောင့်အလွယ်တကူဖွင့်လို့ရသွားပါပြီ။













No comments:

Post a Comment