သူရိန်ထက်( နည်းပညာနှင့် အထွေထွေ ဘလော့)

Saturday, February 1, 2014

ကိုယ့်ရဲ့ပျော်ရွှင်စရာအချိန်းလေးတွေ အမှတ်တရလေးတွေကို ဖုန်းထဲမှာ ရေးမှတ်ထားမယ်ဆိုရင်တော့ ဒီဆော့ဝဲလေးကို ဆောင်းထားလိုက်ပါ..။ပျော်ရွှင်စရာအချိန်များအတွက် Happy Diary ( Free ) For Andriod




Version         :         2.04.05
Size              :         5.93MB
Requirements :         Android 2.2 or higher
ဒီတစ်ခါတော့ မိတ်ဆွေတွေကို Happy Diary ဆိုတဲ့ Application လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကိုယ့်ရဲ့ ပျော်ရွှင်စရာအချိန်တွေကို အမှတ်တရရေးထားလိုတဲ့မိတ်ဆွေတွေအတွက်ပါ။ ဒီဒိုင်ယာလေး နဲ့ ရေးမှတ်တဲ့အခါ မှာ စာသားတွေကိုသာမက ရုပ်ပုံတွေ၊ သီချင်းတွေ ၊ ဗီဒီယိုတွေနဲ့ တွဲပြီးရေးမှတ် ထားနိုင်ပါတယ်။ဒါလေးကတော့ တော်တော်ထူးခြားပါတယ်။ မြန်မာလိုလည်းရေးလို့ရပါတယ်။ 

ကိုယ့်ရဲ့ရေးမှတ်ထားတာတွေကို သူများတွေကြည့်လို့မရအောင် Password ခံပြီးတော့လည်း သိမ်းဆည်း နိုင်မှာဖြစ်ပါတယ်။ သူရဲ့ပုံစံလေးက ပြက္ခဒိန်ပုံလှလှလေးနဲ့ မြင်တွေ့နိုင်သလို List View မှာလည်း ရောင်စုံပုံလှ လှလေးတွေနဲ့ တွေ့နိုင်မှာဖြစ်ပါတယ်။
တစ်ခုရှိတာက သူနဲ့တွဲရေးတဲ့ ဗီဒီယိုဖိုင်တွေ၊ သီချင်းဖိုင်တွေကို သူက SD Card ထဲမှာ ဆိုတဲ့ .Happydiary ဖိုင်တစ်ဖိုင်ဆောက်ပြီး သိမ်းထားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ application လေးကို မသုံးချင်တော့လို့ Uninstall လုပ်တဲ့အခါမှာ ဒီ ဖိုင်ကိုလည်း ဖျက်ပေးဖို့လိုပါမယ်။ မဟုတ်ရင် Card က နေရာတွေကို ယူထားမှာပါ။
မိတ်ဆွေတွေ ကြိုက်ကြမယ်လို့ထင်ပါတယ်။ File Size က 5.93 MB ရှိပါတယ်။ Android 2.2 နဲ့အထက်တွေမှာ ရယူ အသုံးပြုနိုင်ပါတယ် (Myanmar Mobile Market မှာ ဒေါင်းလုပ် ရယူနိုင်ပါတယ်
ကျေးဇူးတင်ပါတယ်..။

No comments:

Post a Comment